မွမ်ဘိုင်းတွင် ၄၈ နာရီအတွင်း ရဲတပ်ဖွဲ့ဝင် ၂၇၈ ဦး ဗိုင်းရပ်စ်ကူးစက်နေကြောင်း စစ်ဆေးတွေ့ရှိ

အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့တွင် ပြီးခဲ့သည့် ၄၈ နာရီအတွင်း ရဲတပ်ဖွဲ့ဝင် ၂၇၈ ဦး ထံတွင် COVID-19 စစ်ဆေးတွေ့ရှိကြောင်း မဟာရတ်ရှ်ထရပြည်နယ် ရဲတပ်ဖွဲ့မှ ယမန်နေ့က သိရသည်။မဟာရတ်ရှ်ထရ ပြည်နယ်ရဲတပ်ဖွဲ့တွင် ဗိုင်းရပ်စ်ကူးစက်ခံရသူ စုစုပေါင်း ၁၆၆၆ ဦးရှိသွားပြီဖြစ်ပြီး၊ ၄၇၃ ဦးသက်သာပျောက်ကင်းခဲ့ကာ ၁၆ ဦးသေဆုံးခဲ့သည်။

Image may contain: one or more people, people walking and people standing
အိန္ဒိယနိုင်ငံ lockdown ကာလအတွင်းဝယ် လုံခြုံရေးတာဝန်ယူရသည့် ရဲတပ်ဖွဲ့ဝင်များအား ရန်ပြုတိုက်ခိုက်သဖြင့် လူ ၈၂၃ ဦးကို ဖမ်းဆီးခဲ့ပြီး၊ ရဲတပ်ဖွဲ့ဝင် ၈၆ ဦးထက်မနည်း တာဝန်ထမ်းဆောင်နေစဉ်အချိန်အတွင်း ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။ထို့အပြင် ကျန်းမာရေးဝန်ထမ်း ၄၁ ဦးသည်လည်း ရန်ပြုတိုက်ခိုက်ခြင်းခံခဲ့ရသည်။

Mumbai Police tells residents to keep their masks on with a filmy ...
အိန္ဒိယနိုင်ငံ lockdown စည်းကမ်းများကို ချိုးဖောက်သောကြောင့် ဖမ်းဆီးအရေးယူထားသူ ဦးရေမှာ ယခုအချိန်အထိ ၂၂၅၄၃ဦးရှိပြီး၊ ယင်းစည်းကမ်းချိုးဖောက်သည့် မော်တော်ယာဉ် ၆၉၀၄၆ စီးကိုလည်း ဖမ်းဆီးအရေးယူခဲ့သည်။lockdown စည်းကမ်းချိုးဖောက်သူများထံမှ ဒဏ်ငွေစုစုပေါင်း အိန္ဒိယရူပီးငွေ ၅၂သန်းနီးပါး(၅၁၉၆၃၄၉၇)ရရှိခဲ့ပြီဖြစ်ကြောင်းသိရသည်။

COVID-19: Tripura doctor develops PPE face shield costing only ₹40
မဟာရတ်ရှ်ထရ ပြည်နယ်သည် COVID-19 ကူးစက်မှု များပြားသော ပြည်နယ်ဖြစ်ပြီး ယခုအချိန်အထိ လူဦးရေ ၄၁၆၄၂ ဦး ဗိုင်းရပ်စ် ကူးစက်ခဲ့ကာ၊ ၁၁၇၂၆ ဦးသက်သာပျောက်ကင်းခဲ့ပြီး၊ ၁၄၅၄ ဦးသေဆုံးခဲ့ကြောင်း အိန္ဒိယနိုင်ငံ ကျန်းမာရေးနှင့် မိသားစုစောင့်ရှောက်ရေး ၀န်ကြီးဌာနမှ သိရသည်။

ပေါ်ပြူလာ