COVID-19 ရောဂါစမ်းသပ်ရှာဖွေရေး ဓာတ်ခွဲခန်းသုံး ပစ္စည်းများ တရုတ်လှူဒါန်း

မန္တလေးမြို့မှာ COVID-19 ရောဂါ စမ်းသပ်ရှာဖွေဖို့ ဓာတ်ခွဲခန်းသုံး ပစ္စည်းတွေကို တရုတ်နိုင်ငံက လှူဒါန်းပံ့ပိုးတဲ့ အခမ်းအနားကို ချမ်းမြသာစည်မြို့နယ်ရှိ Pullman Hotel မှာ ကျင်းပခဲ့ပါတယ်။

အခမ်းအနားကို မန္တလေးတိုင်း ဝန်ကြီးချုပ်ကိုယ်စား လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးဇာနည်အောင်၊ မန္တလေးမြို့တော်ဝန် ဒေါက်တာ ဦးရဲလွင်၊ တရုတ်ပြည်သူ့သမ္မတ နိုင်ငံ ကောင်စစ်ဝန်ချုပ်၊ ယူနန်ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်အဖွဲ့နဲ့ တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပါတယ်။

ဒီဗွီဘီ