အသက် ၂၂ နှစ်အရွယ်ရှိ နာမည်ကျော် ဂျပန်အမျိုးသမီး နပမ်းသမား ရုတ်တရက် သေဆုံး

အသက် ၂၂ နှစ်အရွယ်ရှိ နာမည်ကျော် ဂျပန်အမျိုးသမီး နပမ်းသမားလည်းဖြစ်၊ Terrace House ရုပ်သံအစီအစဉ်တွင် ပါဝင်သရုပ်ဆောင်လျှက်ရှိသူလည်းဖြစ်သည့် ဟနကီမူရာသည် ယနေ့တွင် ရုတ်တရက်သေဆုံးသွားကြောင်းသိရသည်။

သူသည် ယမန်နေ့ မေ ၂၂ ရက်နေ့ကပင်လျှင် သူ၏ ကြောင်လေးနှင့်အတူ ရိုက်ထားသော ဓာတ်ပုံများအား သူ၏ Instagram အကောင့်တွင် တင်ခဲ့သည်။ သို့ရာတွင် Goodbye ဟုခေါင်းစဉ်တပ်ထားခဲ့သည်။

ထို့အပြင် သူ၏ တွစ်တာအကောင့်တွင်လည်း စိတ်ညစ်ညူးနေသည်ဟု ယူဆရသော စာများနှင့် ပို့စ်များကို ယခုရက်များအတွင် တင်ခဲ့ကြောင်းသိရသည်။ အချို့စာများအရ သူ့သည် အင်တာနက်မှ အနိုင်ကျင့်ခံနေရကြောင်း ခန့်မှန်းကြသည်။


သူသေဆုံးရခြင်းအကြောင်းရင်းကို ယခုအချိန်အထိ ရှင်းလင်းစွာ မသိရသေးချေ။

ပေါ်ပြူလာ