ဆိုင်ကလုန်းမုန်တိုင်း Amphan ကြောင့် အိန္ဒိယမှာ ဒေါ်လာ သန်းထောင်ချီ ဆုံးရှုံး

အိန္ဒိယနိုင်ငံ အရှေ့ပိုင်းက အနောက်ဘန်ဂေါပြည်နယ်ကို ဗုဒ္ဓဟူးနေ့က ဝင်ရောက်တိုက်ခတ်သွားတဲ့ အင်အားပြင်း မုန်တိုင်း Amphan ကြောင့် သီးနှံတွေနဲ့ အခြေခံအဆောက်အအုံတွေ ပျက်စီးဆုံးရှုံးမှု တန်ဖိုးငွေ အမေရိကန်ဒေါ်လာ ၁၃ ဘီလီယံ ရှိတယ်လို့ အနောက်ဘန်ဂေါပြည်နယ် အရာရှိတွေက ပြောပါတယ်။

အနောက်ဘန်ဂေါပြည်နယ်မှာ ဆိုင်ကလုန်းမုန်တိုင်း Amphan ကြောင့် လမ်းပေါ်လဲကျနေတဲ့ သစ်ပင်ကြား ဖြတ်သန်းသွားလာနေသူတဦး။ (မေ ၂၁၊ ၂၀၂၀)

အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာတော့ ပဏာမ တွက်ချက်မှုတွေအရ အမေရိကန်ဒေါ်လာ သန်း ၁၃၀ ဆုံးရှုံးတယ်လို့ ခန့်မှန်းထားပေမယ့် ပိုများလာနိုင်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ဆယ်စုနှစ်အတွင်း အင်အားအပြင်းထန်ဆုံးဖြစ်တဲ့ Amphan ဆိုင်ကလုန်းမုန်တိုင်းကြောင့် အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ အနည်းဆုံး လူ ၁၀၂ ဦး သေဆုံးခဲ့ရာမှာ အများစုက အိမ်တွေပြိုကျတာနဲ့ ဓာတ်လိုက်ခံရတာကြောင့် သေဆုံးခဲ့တာပါ။

Recovery begins after deadly Cyclone Amphan ravages India, Bangladesh

မုန်တိုင်းမလာခင် လူ ၃ သန်းကျော်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းနိုင်ခဲ့တာကြောင့်လည်း အသေအပျောက် များပြားနိုင်တာကို ရှောင်ရှားနိုင်ခဲ့ပါတယ်။မုန်တိုင်းဒဏ်ကို ခံလိုက်ရသူပေါင်း ၁၃ သန်းကျော်ရှိပြီး အိမ်ပေါင်း ၁ သန်းခွဲ ထိခိုက် ပျက်စီးခဲ့တယ်လို့လည်း အနောက်ဘန်ဂေါပြည်နယ် အရာရှိတွေက ရိုက်တာသတင်းကို ပြောပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာလည်း မြေနိမ့်ပိုင်းက စိုက်ပျိုးမြေတွေ ပျက်စီးဆုံးရှုံးခဲ့ပါတယ်။

Amphan: Kolkata devastated as cyclone kills scores in India and ...

စနေနေ့မှာပဲ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres က Amphan မုန်တိုင်းကြောင့် ဆုံးရှုံးမှုတွေအတွက် စိတ်မကောင်းဖြစ်မိကြောင်း သဝဏ်လွှာပေးပို့ခဲ့ပြီး ကုလသမဂ္ဂအနေနဲ့ အကူအညီ အထောက်အပံ့ပေးဖို့ အသင့်ရှိကြောင်း ပြောခဲ့တယ်လို့ ကုလအတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရ Stephane Dujarric က ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

ဗွီအိုအေ