YBS -၂၀ ယာဉ်အစီးရေ ၁၅ စီးဖြင့် ဇွန်လ ပထမပတ် ပြန်ပြေးဆွဲမည်

COVID -19 ကြောင့် ယာဉ်လိုင်းပြေးဆွဲမှု ခေတ္တရပ်နားထားသည့် Omini Focus ကုမ္ပဏီလက်အောက်ရှိ YBS -၂၀ ယာဉ်လိုင်းမှ ယာဉ်အစီးရေ ၁၅ စီးဖြင့် ဇွန်လ ပထမပတ်အတွင်း ပြန်လည်ပြေးဆွဲသွားမည်ဖြစ်ကြောင်း ယာဉ်လိုင်းပြေးဆွဲပေးမည့် Omini Focus General Services Public Co.ltd မှ Managing Director ဦးထွန်းတောက်ဝင်းထံမှ ယနေ့မေ ၃၁ ရက်တွင် သိရသည်။

ဧပြီ ၁၀ရက်က ပြေးဆွဲခဲ့သည့် YBS ခရီးသည်တင်ယာဉ်တစ်စီးကို တွေ့ရစဉ်။ဓာတ်ပုံ - မာနော်/မြန်မာတိုင်းမ်

COVID-19 စတင်ဖြစ်ပွားခဲ့စဉ်အချိန်မှစ၍ YBS စီး ခရီးသည် သိသာစွာလျော့ကျလာခဲ့ရာ ယာဉ်လိုင်း ၉ လိုင်းအထိ ပြေးဆွဲနေသည့် Omini Focus ကုမ္ပဏီက သင်္ကြန်ကာလ ဧပြီလအစိုးရရုံးပိတ်ရက်မှစတင်၍ ယာဉ်အစီးရေ ထက်ဝက်လျှော့ချပြေးဆွဲခဲ့သည်။

Updated 2019: Airport-downtown shuttle bus service - MYANMORE

” အခုက ကိုဗစ်ရောဂါအခြေအနေကလည်း ကောင်းလာပြီး အလုပ်တွေတော်တော်များများလည်း ပြန်ဖွင့်လာပြီမို့ ပြည်သူလူထုသွားလာရေးအဆင်ပြေအောင် ယာဉ်လိုင်းတွေကိုပြန်ပြေးဆွဲတာပါ။ တစ်ခြားကားလိုင်းတွေကတော့ ပြေးဆွဲဦးမှာမဟုတ်သေးပါဘူး။ ကားပေါ်တက်ရင်တော့ ခရီးသည်တွေအနေနဲ့ MASK တပ်ဆင်ပြီးမှတက်ရောက်စီးနင်းပေးကြဖို့ မေတ္တာရပ်ခံပါတယ်။”ဟု Omini Focus General Services Public Co.ltd မှ Managing Director ဦးထွန်းတောက်ဝင်းက ပြောသည်။

Yangon Bus Service YGN 4P-1133 (Omni Focus) | 29/09/18. Alan… | Flickr

YBS အမှတ် ၂၀ ယာဉ်လိုင်းမှာ ဒဂုံဧရာအဝေးပြေးနှင့် သခင်မြပန်းခြံသို့ ပြေးဆွဲပေးနေသည့် ယာဉ်လိုင်းဖြစ်သည်။ရန်ကုန်မြို့ခရီးသည်ပို့ဆောင်ရေးအတွက် Omini Focus ကုမ္ပဏီစီမံကွပ်ကဲမှူအောက်တွင် YBS ယာဉ်လိုင်းအမှတ် ၂၀၊ ၈၃၊ ၅၆၊ ၊ ၉၈ ၊ ၉၉ ၊ ၈၂ ၊ ၁၀၁ ၊Airport shuttle အထူးယာဉ်လိုင်းနှင့် လေဆိပ်တိုးချဲ့ယာဉ်လိုင်းတို့ ပြေးဆွဲပေးနေပြီး ယာဉ်အစီးရေ ၃၅၀ ကျော်ပြေးဆွဲလျက်ရှိသည်။

Over half of YBS buses new, 60% owned by public companies: YRTA ...

ရန်ကုန်တိုင်းဒေသကြီးတွင် ကိုဗစ်စတင်ဖြစ်ပွားစဉ် YBS စီးခရီးသည် ၁ သိန်းကျော်သာရှိခဲ့ပြီး ယခုမေလမှစ၍ YBS စီးနင်းသူ များပြားလာခဲ့ရာ မေလ ၃၀ ရက်အထိ ခရီးသည်တင် YBS ယာဉ်လိုင်း (၁၂၄) လိုင်းမှ မော်တော်ယာဉ်စီးရေ (၂,၉၈၅) စီးဖြင့် ခရီးသည် (၄၇၉,၇၉၂) ဦးကို တင်ဆောင်ပြေးဆွဲပေးနေသည်။

မြန်မာတိုင်းမ်