အပျိုကြီးဖြစ်မယ့်သူတွေရဲ့ အံ့အားသင့်စရာ လက္ခဏာ (၅) မျိုး

အပျိုကြီးဆိုတာ ရုပ်ဆိုးဆိုး၊ ဇီဇာကြောင်ပြီး ဘုတိဘုဆတ်လို့ အများကထင်ကြပေမယ့် ဒီလိုချည်းပဲလည်း မဟုတ်ပြန်ပါဘူး။ အပျိုကြီးဖြစ်မယ့်သူတွေဟာ သင်ထင်ထားတာထက် ပိုပြီး ဆန်းကြယ်နေတတ်ပါတယ်။ ခုဖော်ပြပေးမှာကတော့ အပျိုကြီးဖြစ်မယ့်သူတွေရဲ့ အံ့အားသင့်စရာ လက္ခဏာတွေပဲဖြစ်ပါတယ်။

(၁) အသေးစိတ်လွန်းတယ်

အပျိုကြီးဖြစ်မယ့်သူတွေဆိုတာ အသေးအမွှားလေးကအစ အရမ်းကို အသေးစိတ်တဲ့ သူတွေပါ။ အလုပ်တစ်ခုခုကို လုပ်ပြီဆိုရင် အသေးစိတ် လိုက်ပြီးစစ်ဆေးတတ်တဲ့ သူတွေဖြစ်တာကြောင့် လူတော်တော်မျာများက သူတို့ကို ဇီဇာကြောင်တယ်လို့ ထင်တတ်ကြပါတယ်။ အဲလိုအသေးစိတ်လွန်းလို့လည်း အရာရာတိုင်းမှာ ကိုယ့်ခြေကိုယ့်လက်မှ စိတ်ချတတ်တာကြောင့် သူများလုပ်တာကို စိတ်တိုင်းမကျ တတ်ပါဘူး။

(၂) ထက်မြက်လွန်းတယ်

ထက်မြက်လွန်းတာကလည်း အပျိုကြီးဖြစ်မယ့် လက္ခဏာတွေထဲက တစ်ခုပါပဲ။ ယောက်ျားလေးတွေဟာ သူတို့ထက် ထက်မြက်ပြီး တော်လွန်းနေတဲ့ မိန်းကလေးတစ်ယောက်ကို တစ်သက်လုံး လက်တွဲဖို့ မဝံ့ရဲကြပါဘူး။ ဒါကြောင့်ပဲ ယောက်ျားတွေတော်တော်များများက ရှောင်သွားတတ်တာကြောင့် ဒီလိုမိန်းကလေးတွေဟာ ကျန်နေခဲ့တတ်ပါတယ်။

(၃) ချောလွန်းနေတယ်

ချောလွန်းတဲ့ မိန်းကလေးတွေဟာလည်း အပျိုကြီးဖြစ်မယ့်သူတွေပါ။ အကြောင်းကတော့ သူတို့ရဲ့ ရုပ်ရည်သွင်ပြင်အရ ဘယ်သူကမှ သူတို့ကို Single လို့မထင်တာကြောင့် ရည်းစားစကားလည်း မပြောရဲကြသလို၊ ရည်းစားရှိတယ်လို့ တန်းပြီးကောက်ချက်ချ ခံရကြပါတယ်။

(၄) ရေလာမြောင်းပေး လုံးဝမလုပ်ချင်ဘူး

ဒီလိုမိန်းကလေးတွေဟာ မာနအရမ်းကြီးပါတယ်။ အထူးသဖြင့်ယောက်ျားလေးတွေနဲ့ ပေါင်းသင်းဆက်ဆံရာမှာ လိုတာထက်ပိုပြီး အရောမဝင်ချင်တဲ့သူတွေပါ။ ရေလာမြောင်းပေးဖို့တော့ဝေးလေစွ သူတို့ကြိတ်ကြိုက်နေတဲ့ကောင်လေးတွေကိုတောင် ဝေးဝေးကရှောင်တတ်ကြတဲ့သူတွေပါ။ အကြောင်းကတော့ ယောက်ျားတစ်ယောက်ကို သူတို့ဖက်က စချစ်တာဟာ ရှက်စရာကောင်းတယ်လို့ ခံယူထားတဲ့သူတွေဖြစ်နေလို့ပါ။

(၅) စိတ်ကြီးတယ်

ဒေါသကြီး၊ စိတ်ကြီးတဲ့မိန်းကလေးတွေဟာလည်း အပျိုကြီးဖြစ်နိုင်ချေများပါတယ်။ အကြောင်းကတော့ သူတို့ဟာ ဒေါသကို သိပ်မထိန်းနိုင်တာကြောင့် လူကြားသူကြားထဲမှာလည်း ပေါက်ကွဲတတ်တဲ့သူတွေပါ။ ဒါကို ယောက်ျားလေးတွေက မြင်တဲ့အခါမှာ လန့်ပြီးဝေးဝေးရှောင်တတ်ကြပါတယ်။ ဒါကြောင့် အပျိုကြီးမဖြစ်ချင်ရင်တော့ စိတ်လေးကို လျှော့တတ်ဖို့လေ့ကျင့်ပါ။ Credit to AntyMay