ဇွဲကပင်တောင်တက်ရင်း မိန်းကလေးငယ်တစ်ဦး ပျောက်ဆုံးသွားသဖြင့် ရှာဖွေရေးလုပ်ငန်းများ ဆောင်ရွက်နေ

ဘားအံမြို့က တက္ကသိုလ်ကျောင်းသူ တစ်ဦးဖြစ်တယ်လို့သိရပါတယ်။ ဘားအံမြို့ရှိ ဇွဲကတင်တောင်တက်လမ်းမှာ မိန်းကလေးငယ်တစ်ဦးပျောက်ဆုံးနေမှုကြောင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နေပါတယ်။

ပျောက်ဆုံးသွားတဲ့ မိန်းကလေးက တက္ကသိုလ်ကျောင်းသူတစ်ဦးဖြစ်ပြီး မနေ့ကညကတည်းက သူမနေထိုင်ရာအဆောင်ကို ပြန်လည်မရောက်ရှိခဲ့ဘူးလို့သိရပါတယ်။ ပတ်ဝန်းကျင်ရဲ့ ပြောပြချက်အရ အဆိုပါမိန်းကလေးက ဇွဲကတင်တောင်ပေါ်တက်သွားပြီး လက်ရှိအချိန်အထိပြန်ဆင်းလာတာမတွေ့ရသေးတာကြောင့် တောင်တက်တောင်ဆင်းလမ်းတစ်လျှောက် ရှာဖွေရေးလုပ်ငန်းတွေဆောင်ရွက်လျှက်ရှိနေပါတယ်။

Image may contain: mountain, sky, outdoor and nature

“ မိနိးကလေးက မနေ့က ဆိုင်ကယ်နဲ့ သူနေတဲ့အဆောင်ကနေ တစ်ယောက်တည်းထွက်သွားတာ။ သူ့ဆိုင်ကယ်ကို ဇွဲကပင်တောင်ခြေမှာရပ်ထားတာတွေ့တယ်။ ပြီးတော့ သူမရဲ့ ဖိနပ်ကိုလည်း ဇွဲကပင်တောင်တစ်နေရမှာတွေ့တော့ တောင်အောက်ကိုပြန်မရောက်သေးတာ သေချာတယ်။ မတော်တဆကြောင့်လား ဘာလဲဆိုတာတော့ လူမတွေ့မချင်းပြောလို့တော့မရသေးဘူး”လို့ ဘားအံခရိုင် မီးသတ်ဦးစီးမှူး ဦးသန့်ဇင်ဝင်းက ပြောပါတယ်။

Image may contain: 6 people, people standing, beard and outdoor

ဒီကနေ့ မနက်ပိုင်းကစပြီး ဇွဲကပင်တောင်တက်တောင်ဆင်းလမ်းအတိုင်း မီးသတ်တပ်ဖွဲ့ဝင်များနဲ့ ရှာဖွေရေးလုပ်နေသလို တောင်ပတ်လည်ကိုလည်း Drone နဲ့ရှာဖွေတာတွေလုပ်နေတယ်လို့ ဦးသန့်ဇင်ဝင်းကပြောပါတယ်။ သူမက မနေ့က ညနေပိုင်းက တောင်ခြေမှာ ဆိုင်ကယ်ကို ရပ်ထားခဲ့ပြီး အလှူခံဌာနမှာ အလှူငွေ (၅၀၀၀)လှူဒါန်းပြီးမှ တောင်ပေါ်ကို တက်သွားတာဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိရှာဖွေရေး လုပ်ငန်းမှာတော့ သူမရဲ့ ဖိနပ်တွေ့တာကလွဲလို့ ထူးခြားမှု တစ်စုံတစ်ရာမရှိသေးဘူးလို့ သိရပါတယ်။

Image may contain: outdoor, text that says '← Measure 329 m Zwe Ka Bin Pagoda ပင်ဆံ ဇွဲကပင်ဆံတော်ရှင် တော စေတီတော်'

ဓူဝံ