ဘားအံတက္ကသိုလ် ကျောင်းသူရဲ့ အလောင်းကို ချောက်ထဲကနေ သယ်ယူပြီး ဆေးရုံပို့ စစ်ဆေး

ဇွဲကပင်တောင် တောင်ထိပ်အနီး အောက်က ချောက်ထဲမှာ သေဆုံးလျက်ပြန်တွေ့ထားတဲ့ ဘားအံ တက္ကသိုလ် ကျောင်းသူ ရဲ့ အလောင်းကို သယ်ယူပြီး စစ်ဆေးမှုတွေ လုပ်ဆောင်ဖို့ ဘားအံ ဆေးရုံ ကို ပို့လိုက်ပြီ လို့ ကူညီ ကယ်ဆယ်ရေး ဆောင်ရွက်နေတဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။

Image may contain: one or more people, tree and outdoor

ဘားအံတက္ကသိုလ် သတ္တဗေဒ အထူးပြု ဂုဏ်ထူးတန်း ပထမနှစ် တက်ရောက်နေသူ အဲဒီ ကျောင်းသူဟာ ဇွန်လ ၂၅ရက် ညနေ ၃ နာရီခွဲ ဝန်းကျင် အချိန်က ဇွဲကပင်တောင်ပေါ်တက်ရင်း ပျောက်ဆုံးနေခဲ့ပြီး ဒီကနေ့ ဇွန် ၂၇ ရက်နေ့မှာ သက်ဆိုင်ရာက ဒရုန်းနဲ့ ရှာဖွေရေးဆက်လုပ်ရာမှာ ဇွဲကပင်တောင် စေတီရင်ပြင် အနီး ကိုရင်ပြုတ်ကျချောက် ကမ်းပါး အောက်ဘက်မှာ ပြန်လည် တွေ့ရှိခဲ့တာပါ။

ဇွန်လ ၂၅ရက် ညနေ ၃:၃၀ အချိန်က ဇွဲကပင်တောင်ပေါ်တက်ရင်း ပျောက်ဆုံးနေတဲ့ ဘားအံတက္ကသိုလ် သတ္တဗေဒကျောင်းသူကို ဒီကနေ့ ဇွန် ၂၇ ရက်နေ့မှာ ဒရုန်းနဲ့ ရှာဖွေရေးဆက်လုပ်ရာက အမျိုးသမီးငယ်ရဲ့ရုပ်အလောင်းကို တောင်ထိပ်အနီးကအောက်ကချောက်ထဲမှာ သေဆုံးလျက်ပြန်တွေ့ပြီလို့ ဇွဲကပင်တောင်ကိုရောက်ရှိနေတဲ့ ပြည်နယ်အစိုးရ လူမှုရေးဝန်ကြီး စောဘိုဘိုဝေမောင်က ဘီဘီစီကို ပြောပါတယ်။

Image may contain: 3 people, people standing, child and outdoor

‘ ‘ မနေ့က နောက်ဆုံး ဆိုင်ကယ်သော့တွေ့တဲ့နေရာကို သေချာသိရလို့ အဲဒီနေရာအနီးက ချောက်ကို ဒရုန်းနဲ့ကြည့်တော့ ရုပ်အလောင်းလို့ယူဆရတဲ့ဓာတ်ပုံကိုရတယ်၊ မသေချာမှာစိုးလို့ ကယ်ဆယ်ရေးအဖွဲ့တွေကိုယ်တိုင် ချောက်ထဲဆင်းပြီးတော့ ကလေးမရဲ့ရုပ်အလောင်းဘေးကိုရောက်နေပြီ။ ပြန်သယ်ဖို့လုပ်နေပါပြီ။”လို့ လူမှုရေးဝန်ကြီး စောဘိုဘိုဝေမောင်ကပြောပါတယ်။

ပျောက်ဆုံးနေသူ အမျိုးသမီးငယ်ဟာ ဘားအံတက္ကသိုလ်၊ သတ္တဗေဒဘာသာရပ်မှာ ဂုဏ်ထူးတန်း ပထမနှစ် တက်ရောက်နေသူဖြစ်ပြီး ဇွန် ၂၅ ညနေပိုင်းက သူနေထိုင်ရာ ဘားအံအဆောင် ကနေ ထွက်ခွာပြီး ဇွဲကပင်တောင်ပေါ်ကိုတက်ရောက်ရာကနေ ပြန်အဆင်းမှာပျောက်ဆုံးနေခဲ့တာဖြစ်ပါတယ်။

Image may contain: 1 person, tree, plant, outdoor and nature

ပျောက်ဆုံးသူအမျိုးသမီးငယ်ကို မနေ့ ဇွန် ၂၆ ရက်နေ့ကတည်းက ဘားအံမီးသတ်တပ်ဖွဲ့၊ အရပ်ဘက်လူမှုကယ်ဆယ်ရေးအဖွဲ့တွေ ပူးပေါင်းရှာဖွေခဲ့ပြီး ဒီကနေ့မနက်မှာ ဆက်လက်ရှာဖွေရာက သေဆုံးလျက်ပြန်တွေ့ခဲ့တာဖြစ်ပါတယ်။ ‘ ‘ ကလေးမရဲ့ မိသားစုတွေလည်းမနေ့ကတည်းကရောက်နေပြီ၊ မနေ့က ရတဲ့ဆို့စ်တွေကမှားနေတော့ ရှာမတွေ့ခဲ့ဘူး၊ ဒီနေ့ကတော့ ကယ်ဆယ်ရေးအင်အား ၁၂၀ လောက်နဲ့ဝိုင်းရှာခဲ့တာပါ”လို့ ပျောက်ဆုံးခဲ့တဲ့ ကျောင်းသူကို ရှာဖွေခဲ့တဲ့အခြေအနေနဲ့ပတ်သက်ပြီးတော့လည်း ဝန်ကြီးကပြောပြပါတယ်။

Image may contain: 1 person, child and outdoor

ပျောက်ဆုံးနေတဲ့ တက္ကသိုလ်ကျောင်းသူကို ပြန်လည်ရှာဖွေရေးအတွက် ပြည်နယ် မီးသတ်တပ်ဖွဲ့က တောင်ခြေမှာ ယာယီကွပ်ကဲရေးစခန်းဖွင့်ကာ ပြည်ထောင်စုလူမူရေးဝန်ကြီး လမ်းညွန်ချက်နဲ့ မီးသတ်ဦးစီးဌာနဗဟိုက ဒရုန်းယာဉ်တွေနဲ့ လူမှုကူညီရေးအသင်းအဖွဲ့တွေနဲ့ပူးပေါင်းပြီး ရှာဖွေခဲ့ကြတာဖြစ်ပါတယ်။

Image may contain: 1 person, sitting and indoor

ဘီဘီစီ