မူးယစ်ဆေး မသုံးစွဲ၊ မရောင်းချရန် ပြောသည့် ရာအိမ်မှူး အသတ်ခံရ

ကျွန်းစုမြို့နယ်၌ မူးယစ်ဆေးဝါးမသုံးစွဲ၊ မရောင်းချရန်ပြောဆိုသည့် ရာအိမ်မှူးကို ကပ်ပါး(ခ) ရဲဒင်းဖြင့် ခုတ်သတ်ခဲ့သည်ဆိုသူကို တရားစွဲဆိုတင်ပို့ရန် ရမန်ယူထားကြောင်း ဇူလိုင် ၂၉ ရက်နေ့တွင် ရဲတပ်ဖွဲ့မှသိရသည်။ ဇူလိုင် ၂၅ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲ အချိန်တွင် မြိတ်ခရိုင်ကျွန်းစုမြို့နယ် ၊ မဲချောင်း ကျေးရွာအုပ်စု၊ ၊ဂျုံးဂျုံးကျရွာနေ တိုင်တန်းသူအမျိုးသမီး နေအိမ်တွင်ရှိနေစဉ် ရာအိမ်မှူးလုပ်ကိုင်သည့် ခင်ပွန်း ဦးဝင်းရွှေ (၆၀ နှစ်)ကို တစ်ရွာထဲနေ အောင်ဇော်မြင့်(ခ)ဦးတွဒ်(၄၂)နှစ်က ရဲဒင်းနှင့် ခုတ်သဖြင့် ရွာလယ် လမ်းမပေါ်၌ လဲကျနေကြောင်း ရွာသားတစ်ဦးက လာပြောသဖြင့် သွားရောက်ကြည့်ရှုခဲ့သည်။

ကျွန်းစုမြို့ - ဝီကီပီးဒီးယား

ခင်ပွန်းဖြစ်သူတွင် ဦးခေါင်းနောက်စေ့ ပြတ်ရှ၊ယာဘက်လက်ပြင် ပြတ်ရှဒဏ်ရာများရရှိကာ လဲကျနေသည်တွေ့ရပြီး အရန်မီးသတ်မော်တော်ယာဉ် အကူညီဖြင့် တစ်ဇောင်းလှ၊အုတ်ဖိုတော်ကျေးရွာ ကျေးလက် ကျန်းမာရေးဆေးပေးခန်းသို့ပို့ဆောင်ခဲ့ပြီး ထိုမှတစ်ဆင့် ကံမော်တိုက်နယ်ဆေးရုံသို့ပို့ဆောင်ကာ သက်ဆိုင်ရာသို့ တိုင်ကြားခဲ့သည်။ ကံမော်ရဲစခန်း(ပ)၂၇/၂၀၂၀၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၂၆အရ အမှုဖွင့်ကာ ပြစ်မှုကျူးလွန်သူ အောင်ဇော်မြင့်ကို ဖမ်းဆီးစစ်ဆေးခဲ့သည်။

Image may contain: one or more people and people standing

အခင်းဖြစ်စဉ်က အသုံးပြုခဲ့သည့်အရိုး(၂)ပေ၊ အသွား(၃လက်မခွဲ) ရှိ ရဲဒင်းကိုသိမ်းဆည်းခဲ့ပြီး စစ်ဆေးနေစဉ် ဒဏ်ရာရရှိသူ ဦးဝင်းရွှေမှာ ယင်းနေ့ ည ၁၀နာရီခွဲအချိန်၌ သေဆုံးသွားခဲ့သောကြောင့် မူလရေးဖွင့်ထားသည့် ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၂၆မှ ၃၀၂သို့ ပြောင်းလဲအရေးယူခဲ့သည်။ စစ်ဆေးချက်အရ သေဆုံးသူဦးဝင်းရွှေမှာ ရာအိမ်မှူးဖြစ်ပြီး ၎င်းနှင့်တွေ့တိုင်း မူးယစ်ဆေးဝါးမရောင်းဖို့၊ မသုံးစွဲဖို့ ခဏခဏပြောဆိုသည်ကို မကျေမနပ်ဖြစ်ကာရွာလယ်လမ်း၌ တွေ့ဆုံစဉ် ရဲဒင်း(ကပ်ပါး)နှင့် ခုတ်ခဲ့ကြောင်း အောင်ဇော်မြင့်က ဝန်ခံထွက်ဆိုခဲ့သည်။

မြန်မာတိုင်းမ်