ချစ်သူစုံတွဲတွေကို မကြာခဏရန်ဖြစ်စေတဲ့ အကြောင်းအရင်း (၅)ချက်

ချစ်သူဆိုတာ ချစ်တဲ့အချိန်တွေရှိသလို၊ ရန်ဖြစ်ရတဲ့အချိန်တွေလည်း ရှိပါတယ်။ ပိုချစ်လာရင် ပိုပိုင်ဆိုင်ချင်လာတယ်။ သူက ငါ့အတွက်ပဲ ဖြစ်ရမယ်ဆိုတဲ့ ပိုင်ဆိုင်လိုစိတ်တွေ ဖြစ်လာတတ်ပါတယ်။ ဒီလိုပိုင်ဆိုင်လိုစိတ်များလာရင် ချုပ်ချယ်လာတတ်ကြပါတယ်။ ချစ်သူစုံတွဲတွေကို မကြာခဏရန်ဖြစ်စေတာကတော့ ချုပ်ချယ်စိတ်နဲ့ ပိုင်ဆိုင်လိုစိတ်များလာတာကြောင့်ဖြစ်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုရှိနေရင် အဆင်ပြေသွားနိုင်ပါတယ်။

(၁) မိန်းကလေးသူငယ်ချင်းတွေကြောင့်

မိန်းကလေးတွေရဲ့ သဝန်တိုစိတ်က ယောကျာ်းလေးတွေထက် ပိုကြီးပါတယ်။ သင့်တို့ဘက်က ဘယ်လိုပဲ ရိုးသားတဲ့ မိန်းကလေးသူငယ်ချင်းဖြစ်နေပါစေ သဝန်တိုတတ်တာ မိန်းမတွေ သဘာဝပါ။ တချို့မိန်းကလေးသူငယ်ချင်းတွေရဲ့ စည်းမစောင့်မှုတွေက ချစ်သူစုံတွဲတွေကို ပြတ်စေနိုင်တဲ့အထိဖြစ်စေနိုင်ပါတယ်။ သင့်မှာ အရမ်းရင်းနှီးရတဲ့ မိန်းကလေးသူငယ်ချင်းတွေရှိနေတယ်ဆိုရင် သူမအတွက် ခပ်ခွာခွာနေပေးလိုက်ပါ။

(၂) My Day ကြောင့်

ချစ်သူတွေ မကြာခဏ ရန်ဖြစ်ရတာကတော့ ဆိုရှယ်မီဒီယာတစ်ခုဖြစ်တဲ့ Facebook ကြောင့်လည်းဖြစ်သလို ၊Messenger ရဲ့ My Day ကြောင့်လည်းဖြစ်ပါတယ်။ Facebook Password မပေးလို့ ၊ My day မှာ ဓာတ်ပုံတွေ တင်လို့ ၊ မိန်းကလေးဘယ်နှယောက်က ဝင်ကြည့်သွားလို့ဆိုပြီး ပြသနာတတ်ကြပါတယ်။ ဒီကိစ္စမှာတော့ နားလည်မှုနဲ့ ယုံကြည်မှုရှိရမယ်လို့ ယူဆပါတယ်။ သင့်ချစ်သူကောင်လေးကို အတင်းချုပ်ချယ်နေတာထက် သူ့ကို ယုံကြည်ပေးလိုက်ပါ။

(၃) အလိုက်မသိတာကြောင့်

ယောကျာ်းလေးတွေက အလိုက်မသိတတ်ကြပါဘူး။ သူတို့က ချစ်ကြောင်းလည်း မပြတတ်ကြဘူး။ ဒီလိုမျိုး အလိုက်မသိတာတွေ ၊ ချစ်ကြောင်းမပြတတ်တာတွေက ရန်ခဏခဏဖြစ်စေနိုင်တဲ့အကြောင်းတွေ ပါပါတယ်။

(၄) မရိုပေးလို့

မိန်းကလေးတွေက ရိုမန်တစ်ဆန်တာကို ကြိုက်ကြတယ်။ တချို့ယောကျာ်းလေးတွေကတော့ ရိုတာတွေကို အပိုတွေလို့ထင်နေတတ်ကြပါတယ်။ ဒီလိုအရာတွေကြောင့်လည်း ချစ်သူစုံတွဲတွေ ခဏခဏရန်ဖြစ်စကားများတတ်ကြပါတယ်။

(၅) ဖုန်းမဆက်လို့

ချစ်သူတွေ မကြာခဏရန်ဖြစ်ကြရတာကတော့ ဖုန်းမဆက်တဲ့ပြဿနာကြောင့်လည်း ပါပါတယ်။ မိန်းကလေးတွေက သူတို့ကို အချိန်ပေးဂရုစိုက်ပေးတာကို လိုချင်ကြပါတယ်။ တစ်ခါတစ်လေ ကိုယ်လိုချင်တာနဲ့ ရလိုက်တာနဲ့ကွာသွားရင် ပြသနာတွေဖြစ်လာတတ်ကြပါတယ်။ အဓိကကတော့ နားလည်မှုပါ။