ဘုရားပျက်အတွင်းသို့ မြွေတစ်ကောင် ဝင်သွားသဖြင့် လိုက်လံတူးဖော်ကြည့်ရာ….

ဘုရားပျက်အတွင်းသို့ မြွေတစ်ကောင် ဝင်သွားသဖြင့် လိုက်လံတူးဖော်ကြည့်ရာမှ ဆင်းတုတော်များတူးဖော်ရရှိခဲ့ပါတယ်

27.7.2020 ယနေ့နံနက် ၁၀ နာရီအချိန်ခန့် ပန်းတောင်းမြို့နယ် ဆင်တဲကျေးရွာ (က)ရပ်ကွက် အိမ်အမှတ်(က.၅) ဦးစိုးနိုင်(ကစစ.၁၆) နေအိမ်နောက်ဖက် မြစ်ကမ်းအနီး

ရှေးဟောင်းဘုရားပျက်အတွင်းမှ ဌာပနာ ကြေးဆင်းတု အကောင်း ၄၆ ဆူ၊အပျက် ၄ ဆူ၊ဌာပနာကြုတ်စေတီပုံ ကြေး ၁ ဆူ၊ကြေး အပျက် ၄ ဆူ တွေ့ရှိကြောင်း၊

ယနေ့နံနက် ၁၀ နာရီအချိန်ခန့်က ဘုရားပျက်အတွင်းသို့ မြွေတစ်ကောင် ဝင်သွား သဖြင့် လိုက်လံတူးဖေါ်ရာမှ ဘုရားများတွေ့ရှိရကြောင်း သိရှိရသဖြင့် အများသူငါဖူးမြင် ကြည်ညိုနိုင်ကြစေရန် ရည်ရွယ်တင်ပြလိုက်ရပါသည်။