
သူမနာမည်က စုနိုင်ဖြစ်ပြီး အသက် ၂၃ နှစ်ပါ။ သူမရဲ့ခါးဟာ ၁၃.၇ လက္မသာရှိပြီး The Guinness World Records မှာစံချိန်ရဖို့ ကြိုးစားခဲ့ပါတယ်။ သူမရဲ့သေးငယ်တဲ့ခါးဟာ သဘာဝမဟုတ်ဘူး။ ဓါတ်ပုံကိုပြုပြင်ထားတယ်။ နံရိုးတွေချိုးထားတယ်။ စသဖြင့်ထင်မြင်ပြောဆိုမှုတွေကို သူမ ငြင်းဆိုခဲ့တယ်။
သူမဟာ ကျန်းမာရေးကိုဂရုပြုပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအသောက်များသာ ရွေးခြယ်စားသုံးတယ် လို့ဆိုတယ်။ သူမဟာ ကျန်းမာသန်စွမ်းသူ လို့ဆိုတယ်။ သူမရဲ့ခန္ဓာကိုယ်သွယ်သွယ်နဲ့ သေးငယ်တဲ့ခါးကျဉ်ကျဉ်ကိုဓါတ်ပုံရိုက်ပြီး ပို့စ်တင်ရတာနှစ်သက်တယ် လို့ဆိုတယ်။ ခါးကျဉ်ကျဉ်ကိုထိန်းသိမ်းဖို့အတွက် လေ့ကျင့်ခန်းမှန်မှန်လုပ်သလို corsets လည်းမှန်မှန်ဝတ်တယ်လို့ဆိုတယ်။
ဒါပေမဲ့ သူမ The Guinness World Record မှာ စံချိန်ရယူဖို့တော့ မဖြစ်နိုင်ပါဘူး။ ယခင်မှတ်တမ်းတင်ထားတဲ့ ခါးအသေးဆုံးစံချိန်ကို U.K မှ Ethel Granger ဆိုတဲ့အမျိုးသမီးက ၁၃ လက္မနဲ့ရေးထိုးထားခဲ့တယ်။