ထရန့် က TikTok ကို ပိတ်ပင်မယ့် စိတ်ကူးပြောင်းကာ အပလီကေးရှင်းကို မိုက်ခရိုဆော့ဖ်ထံ ရောင်းချဖို့ ၄၅ ရက် ညှိနှိုင်းချိန်ပေး

နာမည်ကျော် ဗီဒီယို အပလီကေးရှင်းတစ်ခုဖြစ်တဲ့ TikTok ကို မိုက်ခရိုဆော့ဖ် ကော်ပိုရေးရှင်းထံ ရောင်းချဖို့  စေ့စပ်ညှိနှိုင်းမှုလုပ်ရန် အပလီကေးရှင်းပိုင် တရုတ်ရဲ့ ByteDance ကုမ္ပဏီကို သမ္မတ ဒေါ်နယ်ထရန့်က ၄၅ ရက် အချိန်ပေးလိုက်ကြောင်း ယင်းအကြောင်းအရာနဲ့ နီးစပ်သူနှစ်ဦးက တနင်္ဂနွေနေ့ မှာ ပြောဆိုပါတယ်။

Donald Trump

တရုတ် မိခင်ကုမ္ပဏီအောက်မှာရှိနေတဲ့ TikTok ဟာ သုံးစွဲသူတွေရဲ့ ပုဂ္ဂိုလ်ရေးအချက်အလက်တွေကို ကိုင်တွယ်ထားတာဖြစ်လို့  အမျိုးသားလုံခြုံရေးအတွက် အန္တရာယ်ဖြစ်နေကြောင်း အမေရိကန် အရာရှိတွေက ပြောဆိုပါတယ်။ မိုက်ခရိုဆော့ဖ်ထံ ရောင်းချစေမယ့် စိတ်ကူးအပေါ် သဘောကွဲလွဲခဲ့ပြီးနောက် TikTok ကို အမေရိကန်ပြည်ထောင်စုမှာ ပိတ်ပင်သွားဖို့  သူ စီစဉ်နေကြောင်း သောကြာနေ့ မှာ ထရန့် က ပြောဆိုထားခဲ့ပါတယ်။သို့ သော်လည်း ထရန့် နဲ့ မိုက်ခရိုဆော့ဖ် စီအီးအို Satya Nadella တို့  ဆွေးနွေးမှုလုပ်ခဲ့အပြီးမှာ ByteDance ထံက TikTok ကို လွှဲပြောင်းရယူရေးအတွက် စေ့စပ်ညှိနှိုင်းမှုတွေ ဆက်လုပ်သွားတော့မှာဖြစ်ကြောင်းနဲ့ စက်တင်ဘာ ၁၅ ရက်လောက်မှာ သဘောတူညီချက်တစ်ခုရဖို့  ရည်မှန်းထားကြောင်း ၀ါရှင်တန်အခြေစိုက် Redwood ကုမ္ပဏီက ပြောဆိုခဲ့ပါတယ်။

Why does Donald Trump want to ban TikTok in the US? - AS.com

အပလီကေးရှင်းကို ပိတ်ပင်မယ့် ထရန့် ရဲ့ စိတ်သဘောထား ဘာကြောင့်ပြောင်းလဲသွားတယ်ဆိုတာကို လတ်တလောမှာ ရှင်းလင်းစွာ မသိရပါဘူး။ TikTok ကို ပိတ်ပင်ခြင်းကြောင့် လာမယ့် နိုဝင်ဘာမှာပြုလုပ်မယ့် အမေရိကန် သမ္မတ ရွေးကောက်ပွဲအတွက် လူငယ်အသုံးပြုသူများစွာရဲ့ ဖယ်ကျဉ်ခြင်းခံသွားရစေနိုင်သလို ဥပဒေကြောင်းအရ စိန်ခေါ်မှုများစွာကို ရင်ဆိုင်ရဖို့ ရှိပါတယ်။ ဒါ့အပြင် ထင်ရှားတဲ့ ရီပတ်ဘလီကန် အမတ်များစွာကလည်း ပြီးခဲ့တဲ့ နှစ်ရက်အတွင်း ထုတ်ပြန်ချက်တွေ ထုတ်ကာ TikTok ကို မိုက်ခရိုဆော့ဖ်ထံ ရောင်းမယ့်ကိစ္စအပေါ် ထောက်ခံဖို့  ထရန့်ကို တိုက်တွန်းခဲ့ကြပါတယ်။ တနင်္ဂနွေနေ့ က ထရန့် ရဲ့ ရပ်တည်ချက်အသစ်ထွက်လာတာဟာ နှစ်ဖက်အကျိုးရှိမယ့် win-win လမ်းစဉ်အတိုင်းလုပ်ဆောင်လိုက်ခြင်းဖြစ်တယ်လို့ ရီပတ်ဘလီကန် ဆီနိတ်တာ လင်းဆေး ဂရေဟမ်က တွစ်တာကနေ တုံ့ပြန်မှတ်ချက်ပေးခဲ့ပါတယ်။

President Donald Trump Tweetstorm – The Sunday Edition – Deadline

ByteDance နဲ့ မိုက်ခရိုဆော့ဖ်အကြား စေ့စပ်ဆွေးနွေးမှုတွေကို အမေရိကန်ပြည်ထောင်စု နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကော်မတီ (CFIUS) ကြီးကြပ်ပေးမှာဖြစ်တယ်လို့ ဆိုပါတယ်။ CFIUS ဟာ အမေရိကန်အစိုးရ အဖွဲ့အစည်းတစ်ခုဖြစ်ပြီး မည်သည့်သဘောတူညီချက်ကိုမဆို တားမြစ်နိုင်တဲ့ အခွင့်အာဏာရှိကြောင်း အမည်မဖော်လိုတဲ့ သတင်းရင်းမြစ်တွေက ပြောဆိုခဲ့ပါတယ်။

အကုန်သိ