ဟင်္သာတရေကာတာ ကျိုးပေါက်ပြီး အိမ်​​ခြေ ၆၀ နီးပါး အမြန်​​ပြောင်း​ရွေ့ရန်​ လိုအပ်​​နေ

ရှမ်းလေး/ဧရာဝတီတိုင်းမ်(ဟင်္သာတ)သြဂုတ် ၄ ရက်။ ဧရာဝတီတိုင်း​ဒေသကြီး၊ဟင်္သာတမြို့နယ်၊အိပ်ပျက်​ကျေးရွာအုပ်​စု၊​ဖောင်ဆိပ်ကျေးရွာရှိ ဦးမိုးလေးဖြတ်တာမှာ ယနေ့(သြဂုတ်​လ ၄ ရက်​)မနက် ၉ နာရီ ၁၅ မိနစ်က ကျိုးပေါက်ခဲ့ပြီး လူ​နေအိမ်​ ၆၀ နီးပါး အလျှင်​အမြန်​​ပြောင်း​ရွေ့ရန်​ လိုအပ်​​နေ​ကြောင်း သတင်းရရှိသည်​………..

ဦးမိုး​လေးဖြတ်​တာသည်​ ပြီးခဲ့သည့်​ရက်များက စတင်​ကာ ကျိုးပေါက်မည့် အခြေအနေကြုံ​တွေ့​နေရာမှ ဒီက​နေ့မနက်​ ၇ နာရီမှစတင်​ကာ ​ရေစိမ့်​​ပေါက်​မှ ​ရေများပန်းထွက်ပြီး တာကျိုးခဲ့ခြင်းဖြစ်​​ကြောင်း ​​ဒေသကိုရောက်ရှိ​နေသည့်​ ကူညီကယ်​ဆယ်​​ရေး အဖွဲ့များထံမှ သိရသည်​။ “မနက် ၇ နာရီလောက်က ကတည်းက ရေစိမ့်ပေါက်ကနေ ရေကပန်းထွက်နေတယ်။ ၉ နာရီ ၁၅ မှာပေါ့ တာကကျိုးပေါက် သွားပါတယ်။ တိုက်စားမှု ပြင်းထန်ပါတယ်”ဟု ​တာကျိုးသည့် ​နေရာသို့ ကူညီကယ်​ဆယ်​​ရေးလုပ်​ရန်​ ​ရောက်​ရှိ​နေသူ ​ကိုကျော်ကြီး ကပြောသည်….

တာကျိုးကျမှု​ကြောင့် အိပ်ပျက်​ကျေးရွာ အုပ်စုအတွင်းရှိ တာငုတ် ၊ဖောင်ဆိပ်၊ ငှက်ပျောတောကျေးရွာများမှ အိမ်ခြေ ၆၀ နီးပါး အရေးပေါ်ရွှေ့ပြောင်းရန် ​လိုအပ်နေကြောင်း သိရသည်…. “တာသစ်နဲ့တာဟောင်းကြားက ဧရိယာ တစ်​​မိုင် ပတ်လည် ​လောက်ရှိတယ်​ ရေကအမြန်ရောက်လာရင် အမြန်ဆုံးရွှေ့ပြောင်းဖို့ လိုအပ်နေပါတယ်……

ရွှေ့ပြောင်းဖို့ ပစ္စည်းတွေရော လူအင်အားတွေပါ လိုအပ်နေပါတယ်”ဟု တာကျိုးသည့်ေ​နရာကိုရောက်ရှိနေသည့်​ မြန်မာနိုင်ငံလူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့ ဒါရိုက်တာ ဦးမြင့်နိုင် ​​က​ပြောသည်….. တာမကျိုးမီအချိန်ပိုင်း မနက် ၈ နာရီခန့်တွင် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်ေ​နရာချထားရေး ပြည်​​ထောင်​စုဝန်​ကြီး ဒေါက်တာဝင်းမြတ်အေးလည်း ရောက်ရှိစစ်​​ဆေးခဲ့ကြောင်း သိရသည်။

ဓာတ်​ပုံ-ရှမ်း​လေး(ဧရာဝတီတိုင်းမ်​)