ဒေါ်အောင်ဆန်းစုကြည် ကိုယ်စားလှယ်လောင်းလျှောက်လွှာ လာတင်ချိန် တိုင်စာပေးဖို့ ကြိုးပမ်းသူတချို့ ရှိခဲ့

ဒေါ်အောင်ဆန်းစုကြည်ဟာ နိုဝင်ဘာရွေးကောက်ပွဲမှာ ဝင်ပြိုင်ဖို့ ကိုယ်စားလှယ်လောင်းလျှောက်လွှာကို သန်လျင်ခရိုင်ရွေးကောက်ပွဲကော်မရှင် ရုံးခွဲမှာ ဒီကနေ့ သြဂုတ် ၄ ရက်မနက်က လာတင်ချိန်မှာ ကြိုဆိုသူတွေလည်း ရှိခဲ့သလို တိုင်စာပေးဖို့ လာရောက်သူတချို့လည်း ရှိခဲ့ပါတယ်။

Image may contain: one or more people

အဲဒီလိုလာရောက်တိုင်ကြားသူတွေထဲက တစ်ဦးဟာ ဒေါ်အောင်ဆန်းစုကြည် ကော်မရှင်ရုံးခွဲကိုရောက်လာချိန်မှာ မြေယာကိစ္စနဲ့ပတ်သက်တဲ့ တိုင်ကြားစာကို ဒေါ်အောင်ဆန်းစုကြည်ထံ တိုက်ရိုက်ပေးပို့ဖို့ ကြိုးစားခဲ့ပါတယ်။

Image may contain: one or more people

ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို လုံခြုံရေးရယူထားသူတွေနဲ့ အဲဒီဒေသခံတချို့ကြား ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့တယ်လို့ အဲဒီကို ရောက်ရှိခဲ့တဲ့ MPA ဓာတ်ပုံသတင်းထောက်ကပြောပါတယ်။ အဲဒီနောက် တိုင်စာပေးလိုသူကို အထွေထွေအုပ်ချုပ်ရေးမှူး ဦးစီးဌာန တာဝန်ရှိသူတွေက လက်ခံတွေ့ဆုံပြီး တိုင်စာကို လက်ခံရယူသွားတာတွေ့ရပါတယ်။

Image may contain: 1 person, sitting

ဘီဘီစီ