အားပေးမှုတွေနဲ့အတူ ဝေဖန်မှုတွေပါ ကြုံတွေ့နေရတဲ့ အဆိုတော်ယုန်လေးဖန်တီးထားသော MTV

အဆိုတော် ယုန်လေးက ဒီကနေ့မှာ သူဖန်တီးထားတဲ့ စည်းလုံးသင့်ပြီ မြန်မာပြည်ဆိုတဲ့ MTV သီချင်းတစ်ပုဒ်ကို ပရိသတ်တွေနဲ့ မိတ်ဆက်ပေးခဲ့ပါတယ်။

Image may contain: 1 person

တေးရေး၊ တေးဆိုတစ်ဦးအပြင် သရုပ်ဆောင်လောကကိုပါ ဝင်ရောက်လာခဲ့တဲ့ ဒါရိုက်တာ ယုန်လေးဟာ လူငယ်ပရိသတ်တွေအကြိုက် သီချင်းတွေကိုရေးသားသီဆိုနိုင်ခဲ့သလို သူ့စိတ်ကြိုက်ရုပ်ရှင်ဇာတ်ကားတွေကိုလည်း ဖန်တီးပုံဖော်ခဲ့သူပါ။ Original Gangstar ရုပ်ရှင်ဇာတ်ကားအစရှိတဲ့ အက်ရှင်ဇာတ်ကားတွေကို နိုင်ငံကျော်မင်းသားတွေနဲ့အတူ ရိုက်ကူးခဲ့တာလည်းဖြစ်ပါတယ်။

Image may contain: 1 person, closeup

ယုန်လေးဆိုတာနဲ့ လူတွေကို ကူညီတတ်သူ၊ လိုအပ်နေတဲ့နေရာတွေကို တတ်နိုင်သလောက် ကူညီတတ်သူလို့ ပရိသတ်တွေက မှတ်ယူထားလောက်ရအောင် စေတနာကောင်းသူတစ်ဦးလည်းဖြစ်ပြန်ပါတယ်။

Image may contain: 1 person, indoor

ယနေ့မှာ အဆိုတော်ယုန်လေးအပါအဝင် အခြားသော အဆိုတော်၊ အနုပညာရှင်များစွာပါဝင်ထားတဲ့ စည်းလုံးသင့်ပြီ မြန်မာပြည်ဆိုတဲ့ MTV သီချင်းတစ်ပုဒ်ထွက်ရှိလာခဲ့တာဖြစ်ပါတယ်။ ထို MTV ဟာ အနုပညာရှင်တွေနဲ့ ပရိသတ်တွေရဲ့ အားပေးမှုတွေရရှိနေတာတွေ့ရသလို ဝေဖန်မှုအချို့လည်း ပေါ်ထွက်လာတာကို တွေ့ရပါတယ်။

အားပေးမှုတွေနဲ့အတူ ဝေဖန်မှုတွေပါ ယှဉ်တွဲလာတဲ့ အဆိုတော်ယုန်လေးရဲ့ MTV သီချင်းကို ပရိသတ်ကြီးလည်း ကြည့်ရှုနိုင်အောင် ဖော်ပြပေးလိုက်ပါတယ်။ ပရိသတ်ကြီးကလည်း ဘယ်လိုအမြင်ရှိလဲဆိုတာကို ဝင်ရောက်ဆွေးနွေးပေးခဲ့ပါဦးနော်။

WLC