ဆိုင်ကယ်မောင်းရာမှ အရှိန်လွန်ပြီး လူရော ဆိုင်ကယ်ရော ရေတွင်းထဲကျပြီး လူသေဆုံး

ဆိုင်ကယ်မောင်းစဉ် အရှိန်လွန်ပြီး လူရော ဆိုင်ကယ်ရော ရေတွင်းထဲထိုးကျသွားသဖြင့် ကယ်ဆယ်ရေးအဖွဲ့များက ကယ်ဆယ်ခဲ့ရသည့်ဖြစ်စဉ် ယနေ့မနက်က မင်းလှမြို့တွင်ဖြစ်ပွားခဲ့သည်။

Image may contain: 1 person, sitting

ယနေ့မနက် ၈ နာရီ ဆယ်မိနစ်အချိန်တွင် မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၊ ရုံးရပ်ကွက်မြောက်ပိုင်း၊ အမှတ်(၅)ရပ်ကွက်၊ စက်မှုမေတ္တာလမ်းဆုံတွင် လူ(၁)ဦးသည် ဆိုင်ကယ်အရှိန်လွန်၍ ရေတွင်းထဲသို့ ဆိုင်ကယ်နှင့်လူပါ ကျနေကြောင်း သတင်းရရှိသဖြင့် မင်းလှမြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် သွားရောက်ကယ်ဆယ်ရေးဆောင်ရွက်ခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

Image may contain: 4 people, outdoor

ရေတွင်းထဲကျသူမှာ သေဆုံးသွားခဲ့ပြီး မနက် ၈ နာရီ မိနစ် ၅၀ ခန့်တွင် ပြန်လည်ဆယ်ယူနိုင်ခဲ့ပြီး အပ္ပမာဒ နာမှုကူညီရေးအသင်းမှ သူနာတင်ယာဉ်ဖြင့် မင်းလှမြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း ထုတ်ပြန်ချက်က ဆိုသည်။

Image may contain: one or more people, people standing and outdoor