ကိုရီးယားရောက်မြန်မာပရိသတ်တွေကိုယ်စား မနွယ်နီကို ထောက်ပံ့ငွေပေးခဲ့တဲ့ ခိုင်နှင်းဝေ

ခိုင်နှင်းဝေက ကင်ဆာဝေဒနာခံစားနေရတဲ့ ဇာတ်ပို့ သရုပ်ဆောင်နွယ်နီအတွက် ကိုရီးယားရောက် မြန်မာပရိသတ်များကိုယ်စား ငွေကျပ် ၆သိန်း ၈သောင်းကျော် သွားရောက်လှူဒါန်းခဲ့တာဖြစ်ပါတယ်။

ပရဟိတအလုပ်တွေ စွမ်းစွမ်းတမံဆောင်ရွက်လေ့ရှိတဲ့ သရုပ်ဆောင် ခိုင်နှင်းဝေက ဇာတ်ပို့သရုပ်ဆောင် နွယ်နီအတွက် ကိုရီးယားနိုင်ငံမှာရှိတဲ့ ပရိသတ်တွေရဲ့ အလှူငွေကို ကိုယ်တိုင်သွားရောက် လှူဒါန်းခဲ့တာဖြစ်ပါတယ်။‘’ရှေ့တစ်ပတ်က ဇာတ်ပို့ သရုပ်ဆောင် မနွယ်နီကို ကျွန်မ သွားရောက် လှူဒါန်းခဲ့သော အလှူလေးကိုမြင်ပြီး ကိုရီးယားနိုင်ငံရောက် ကြယ်စင်ကိုနှင့်သူငယ်များ အဖွဲ့မှ အလှူငွေကျပ် ၆၈၄၅၀၀ ကျပ်တိတိကို ယနေ့ ညနေတွင် ကျွန်မ သွားရောက်လှူဒါန်းပေးရင်း အားပေးစကားများလည်းပြောကြားပေးခဲ့ပါတယ်ရှင်’’အဲဒီနောက် ကင်ဆာရောဂါ ခံစားနေရတဲ့ မနွယ်နီကလည်း ကျန်းမာရေးသက်သာတာကို တွေ့ရပြီး တုတ်ထိုးအကင်လေးတွေ ရောင်းချနေတာကို တွေ့ရပါတယ်။

‘’မနွယ်နီက အခုဆို ကင်ဆာဆေး တစ်ကြိမ် သွင်းပြီးသွားပြီဖြစ်ပြီး ကျွန်မ သွားရောက်လှူဒါန်းထားသော အလှူငွေများကိုလည်း ဘဏ်အကောင့်ဖွင့် စုထားကာ ကျွန်မ လှူဒါန်းထားတဲ့ လှည်းလေးနဲ့လည်း အကင်မျိုးစုံကို ရောင်းချနေပါတယ်ရှင်’’ လို့ မေလ ၂၃ ရက်နေ့ ည ၇ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်။

ပရဟိတအလုပ်တွေ၊ ကုသိုလ်ရေးတွေမှာ လက်မနှေးတဲ့ မင်းသမီးချောလေး ခိုင်နှင်းဝေကတော့ ဆင်းရဲသားပြည်သူတွေကိုလည်း တစ်ဖက် တစ်လမ်းက ကူညီစောင့်ရှောက် တတ်သလို ဘုရား၊ တရားကိုလည်း မမေ့မလျှော့ ဆောင်ရွက်တတ်သူတစ်ဦးပါ။ ဘာသာရေး၊ သာသနာရေး တွေလည်း အဆက်မပြတ်ဆောင်ရွက်လေ့ရှိပါတယ်။ အဲဒီနောက် ထိုင်းနိုင်ငံ ခိုလမြို့မှာရှိတဲ့ ခိုင်နှင်းဝေ ပရ ဟိတအသင်းသားတွေနဲ့ အတူတူ ပရဟိတအလုပ်တွေနဲ့ အတူတူမကြာခဏ အလှူအတန်း တွေသွားရောက် လုပ်ကိုင် ဆောင်ရွက် ပေး ဖြစ် တယ် လို့ သိရပါတယ်။