ဖခင်ကြီးစင်ရော်မောင်မောင်ရဲ့ မွေးနေ့မှာ ကိတ်မုန့်လေးခွဲပြီး သားအဖနှစ်ယောက်တည်း အတူတူဖြတ်သန်းခဲ့ကြတဲ့ မင်းသန့်မောင်မောင်ရဲ့ ဗီဒီယို

ဒါရိုက်တာ စင်ရောင်မောင်မောင်ကတော့ အကယ်ဒမီဆုတွေများစွာကို လက်ဝယ်ပိုင်ဆိုင်ထားပြီး ရုပ်ရှင်အနုပညာလောကမှာ အောင်မြင်မှုတွေများစွာကို ဆွတ်ခူးနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ အခုဆိုရင် ဒါရိုက်တာ စင်ရော်မောင်မောင်က သူ့ရဲ့ အနုပညာအမွေတွေကို သားဖြစ်သူ မင်းသန့်မောင်မောင်ဆီ လက်လွှဲပေးနိုင်ခဲ့ပြီး မင်းသန့်မောင်မောင်ကလည်း ဒါရိုက်တာပညာရပ်ကို အမေရိကန်နိုင်ငံအထိ သွားရောက်သင်ယူခဲ့သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ လက်ရှိမှာတော့ မင်းသန့်မောင်မောင်က မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိနေပြီး ဖခင်ကြီး စင်ရော်မောင်မောင်နဲ့ မိခင်ကြီး မေသန်းနုတို့ကို လိုလေသေးမရှိ ပြုစုစောင့်ရှောက်နေလျက်ရှိပါတယ်။

ဒီကနေ့ အောက်တိုဘာလ (၁၇) ရက်နေ့ကတော့ ဒါရိုက်တာ စင်ရော်မောင်မောင်ရဲ့ မွေးနေ့ပဲ ဖြစ်ပါတယ်။ မင်းသန့်မောင်မောင်က သူ့ဖခင်ရဲ့ မွေးနေ့အတွက် မွေးနေ့ကိတ်လေး လက်ဆောင်ပေးခဲ့ပြီး “ကျွန်တော့်ရဲ့ ကမ္ဘာ့အကောင်းဆုံး အဖေအတွက် ပျော်ရွှင်ဖွယ်ရာ မွေးနေ့ဖြစ်ပါစေ။ ဖေဖေတစ်ယောက် အမြဲတမ်း ကျန်းမာပြီး ထာဝရပျော်ရွှင်ပါစေလို့ဆုတောင်းပေးပါတယ်။ ကျွန်တော့်ကို ဒီဘဝထဲကို ခေါ်ဆောင်လာပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။” ဆိုပြီး မွေးနေ့ဆုမွန်ကောင်းတောင်းပေးခဲ့ပါတယ်။

မင်းသန့်မောင်မောင်ကတော့ တစ်ဦးတည်းသောသားပီပီ ဖခင်နဲ့  မိခင်အတွက် အားဖြစ်စေတဲ့ သားကောင်းရတနာတစ်ယောက်ပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း မင်းသန့်မောင်မောင်တို့ သားအဖနှစ်ယောက်ရဲ့ ဗီဒီယိုလေးကို သဘောကျကြမယ် ထင်ပါတယ်။ ဖတ်ရှုပေးကြတဲ့  ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။