သူမတစ်ယောက်တည်းအတွက်သာ သီးသန့်ဓာတ်ပုံရိုက်ပေးတဲ့ ခင်ပွန်းဖြစ်သူရွှေထူးရဲ့အကြောင်းကို ကြွားလုံးထုတ်လာတဲ့ ရွှေမှုံရတီ

အဆိုတော် ရွှေထူးနဲ့ သရုပ်ဆောင် ရွှေမှုံရတီကတော့ မြင်ရသူတိုင်း အားကျဖွယ် သာယာပျော်ရွှင်ဖွယ်ကောင်းတဲ့ အိမ်ထောင်ရေးတစ်ခုကို တည်ဆောက်ထားတာပဲ ဖြစ်ပါတယ်။ ရွှေထူးနဲ့ ရွှေမှုံရတီက ချစ်သူသက်တမ်း ခဏလေးအတွင်းမှာ လက်ထပ်ခဲ့ကြတယ်ဆိုပေမယ့် သူတို့နှစ်ယောက်ရဲ့အချစ်ကတော့ အရမ်းကိုနက်ရှိုင်းပြီး လေးနက်မှုရှိတယ်ဆိုတာကိုတော့ သက်သေပြဖို့မလိုပါဘူး။ လက်ရှိအချိန်ထိလည်း ရွှေထူးနဲ့ ရွှေမှုံရတီက တစ်ယောက်ရဲ့ လိုအပ်ချက်တွေကို တစ်ယောက် ဖြည့်စည်းပေးကာ သာယာအေးချမ်းတဲ့ အိမ်ထောင်တစ်ခုကို တူနှစ်ကိုယ် ပုံဖော်နေကြတာပဲ ဖြစ်ပါတယ်။

သားသမီးမရှိသေးတဲ့ ဇနီးမောင်နှံတွေပီပီ ရွှေထူးနဲ့ ရွှေမှုံရတီက တစ်နေ့တာမှာ တစ်ယောက်နဲ့တစ်ယောက် အဖော်ပြုရင်းသာနေထိုင်နေတာပဲ ဖြစ်ပါတယ်။ ရွှေထူးကတော့ ချစ်ဇနီး ရွှေမှုံရတီအတွက် သူရိုက်ကူးထားတဲ့ ဓာတ်ပုံလေးတွေကို ပေ့ခ်ျလေးထောင်ပြီး ဝေမျှပေးနေကာ ရွှေမှုံရတီကလည်း “သူရိုက်❤️သူကြိုက်😅သူတင်😂 Page လေး.. လှလားစမီး😁” ဆိုပြီး သူမအတွက် ဓာတ်ပုံရိုက်ပေးတဲ့ ရွှေထူးအကြောင်း ပြောလာတာပဲ ဖြစ်ပါတယ်။

ရွှေထူးကတော့ သူလေ့လာသင်ယူနေတဲ့ ဓာတ်ပုံပညာကို ချစ်ဇနီးလေး ရွှေမှုံရတီတစ်ယောက်တည်းအတွက်သာ သီးသန့်အသုံးပြုသွားမယ်ဆိုတာ ပြောစရာတောင်လိုမယ် မထင်ပါဘူးနော်။ ပရိသတ်ကြီးလည်း ရွှေထူးကိုယ်တိုင်ရိုက်ကူးပေးထားတဲ့ ရွှေမှုံရတီရဲ့ ပုံလှလှလေးတွေကို သဘောကျကြမယ် ထင်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။