(၄) နှစ်ပြည့် မင်္ဂလာနှစ်ပတ်လည်နေ့မှာ COVID-19 လူနာများကို ကုသပေးနိုင်ဖို့ အလှူငွေ သိန်း (၃၀) လှူဒါန်းခဲ့တဲ့ မိုးယုစံတို့ ဇနီးမောင်နှံ

သရုပ်ဆောင် မိုးယုစံကတော့ Miss Now How ဆုရှင်တစ်ယောက်အဖြစ် လူသိများကျော်ကြားလာခဲ့ပြီးနောက် အနုပညာလောကထဲကို ဝင်ရောက်လာခဲ့တာပဲ ဖြစ်ပါတယ်။ မိုးယုစံက ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားတွေများစွာမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး နှင်းဆီအဖွဲ့ရဲ့ ပင်တိုင်စံမင်းသမီးလေးအဖြစ် ဆောင်ရွက်ခဲ့ပါသေးတယ်။ အခုဆိုရင် မိုးယုစံက အိမ်ထောင်ကျပြီး မိခင်တစ်ယောက်ဖြစ်နေပြီဆိုပေမယ့် အနုပညာလောမှာတော့ အောင်မြင်မှုကို ထိန်းသိမ်းထားနိုင်ဆဲ မင်းသမီးတစ်လက် ဖြစ်ပါတယ်။

ဒီကနေ့ အောက်တိုဘာလ (၁၈) ရက်နေ့ကတော့ မိုးယုစံတို့ ဇနီးမောင်နှံရဲ့ (၄) နှစ်ပြည့် မင်္ဂလာနှစ်ပတ်လည်နေ့ပဲ ဖြစ်ပါတယ်။ မိုးယုစံတို့ ဇနီးမောင်နှံက မင်္ဂလာနှစ်ပတ်လည်နေ့မှာ Covid-19 လူနာများကို လက်ခံကုသပေးနေတဲ့ Inya Center ကို အလှူငွေ သိန်း (၃၀) ကျပ်တိတိ လှူဒါန်းခဲ့ပြီး ကုသိုလ်ယူခဲ့ကြတယ်လို့ မိုးယုစံက သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကနေတဆင့် ပြောပြလာပါတယ်။

မိုးယုစံတို့ ဇနီးမောင်နှံကတော့ အိမ်ထောင်သက် (၄) နှစ်အတွင်းမှာ ချစ်စရာကောင်းတဲ့ သားလေးကောင်းသိင်္ခမိုးသူကို ပိုင်ဆိုင်ခဲ့တဲ့အပြင် အခုဆိုရင် ဒုတိယမြောက်သားလေးကိုပါ လွယ်ဆောင်ထားရပြီ ဖြစ်ပါတယ်။ မိုးယုစံတို့ ဇနီးမောင်နှံနှစ်ယောက် မင်္ဂလာသက်တမ်း (၄) နှစ်မှသည် နောက်နှစ်တွေများစွာတိုင် ပျော်ရွှင်ကြည်နူးမှုတွေ ရရှိပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့  ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။