ကျွမ်းကျင်တတ်မြောက်ထားတဲ့ ဆေးပညာနဲ့ COVID-19 လူနာတွေကို ကုသပေးဖို့ ဖောင်ကြီးကို ထွက်ခွာခဲ့တဲ့ မောင့်ရဲ့ ဗီဒီယို

ရုပ်ရှင်သရုပ်ဆောင် မောင်ကတော့ ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားတော်တော်များများမှာ ပါဝင်သရုပ်ဆောင်ရင်း ပရိသတ်အားပေးမှုကို အခိုင်အမာရရှိထားခဲ့တာပဲ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့နှစ်တွေမှာတော့ မောင်က အနုပညာလောကကနေ လုံးဝအနားယူခဲ့ပြီး သာမာန်လူတစ်ယောက်လိုပဲ စီးပွားရေးနဲ့ ပညာရေးကိုသာ အာရုံစိုက်လုပ်ကိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ မောင်က အနုပညာလောကနဲ့ လုံးဝအဆက်အသွယ်ပြတ်တောက်သွားပေမယ့် သူ့ရဲ့ချစ်သူ သရုပ်ဆောင် ရီရီပွင့်ဖြူနဲ့အတူတူ ကိုယ်ပိုင်ပေ့ခ်ျလေးတည်ထောင်ပြီး Vlog လေးတွေ တင်ဆက်ပေးနေတာပဲ ဖြစ်ပါတယ်။

ဆရာဝန်တစ်ယောက်ဖြစ်တဲ့ မောင်က ပြီးခဲ့တဲ့လပိုင်းက သူကိုယ်တိုင် Covid-19 ရောဂါပိုးကူးစက်ခံခဲ့ရပြီး ရောဂါပိုးကင်းစင်သွားချိန်မှာတော့ Covid-19 လူနာများကို ပြန်လည်ကုသပေးနိုင်ဖို့ ဆုံးဖြတ်ချက်ချခဲ့တာပဲ ဖြစ်ပါတယ်။ အခုဆိုရင် မောင်က သူတာဝန်ကျရာ ဖောင်ကြီးကို ရောက်ရှိနေပြီဖြစ်ပြီး ကျွမ်းကျင်တတ်မြောက်ထားတဲ့ ဆေးပညာနဲ့ Covid-19 လူနာတွေကို ကုသပေးဖို့ ဖောင်ကြီးကို ထွက်ခွာခဲ့တဲ့ဗီဒီယိုလေးကို ပရိသတ်တွေ ကြည့်ရှုနိုင်ဖို့ အခုလိုပဲ မျှဝေပေးထားပါတယ်။

မောင်ကတော့ သူတတ်မြောက်ထားတဲ့ ပညာရပ်တွေနဲ့ ပြည်သူအတွက် တစ်ထောင့်တစ်နေရာကနေ ကူညီပေးနေလျက်ရှိပါတယ်။ မောင်တစ်ယောက် နေကောင်းကျန်းမာစွာနဲ့ အိမ်ပြန်လာနိုင်ပါစေလို့လည်း ဆုတောင်းပေးလိုက်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။