အလုပ်တွေကို ကူညီလုပ်ကိုင်ပေးတဲ့အပြင် မပျင်းရအောင်လည်း အမျိုးမျိုးစနောက်တတ်တဲ့ ခင်ပွန်းဖြစ်သူလင်းလင်းအကြောင်းပြောလာတဲ့ ချစ်သုဝေ

ချစ်သုဝေနဲ့ လင်းလင်းတို့ကတော့ အိမ်ထောင်မပြုခင် ချစ်သူဘဝကတည်းက တစ်ယောက်ရဲ့ အလုပ်တွေကို တစ်ယောက် ကူညီလုပ်ဆောင်ပေးတတ်သူများ ဖြစ်ကြပါတယ်။ လင်းလင်းက ချစ်သုဝေအတွက် သီချင်းတွေများစွာကို ရေးသားပေးခဲ့သလို ချစ်သုဝေကလည်း လင်းလင်းရဲ့ MV တွေမှာ ပါဝင်သရုပ်ဆောင်ပေးလေ့ရှိတာပဲ ဖြစ်ပါတယ်။ အခုဆိုရင် အိမ်ထောင်သက် (၅) နှစ်ကျော်ရှိပြီဖြစ်တဲ့ လင်းလင်းနဲ့ ချစ်သုဝေက စိတ်တူကိုယ်တူနဲ့ ပရဟိတအလုပ်တွေကိုလည်း လုပ်ကိုင်နေလျက်ရှိပါတယ်။

လက်ရှိမှာတော့ သမီးနှစ်ယောက်အပြင် ဖောင်ဒေးရှင်းရဲ့ အလုပ်တွေလည်း လုပ်နေရသလို အပြင်အလုပ်တွေကိုလည်း လုပ်ကိုင်နေရပြီး အရမ်းအလုပ်များနေတဲ့ ချစ်သုဝေက ခင်ပွန်းဖြစ်သူ လင်းလင်းရဲ့ အကူအညီအထောက်အပံ့တွေများစွာကိုလည်း ရရှိနေတာ ဖြစ်ပါတယ်။ ချစ်သုဝေက “Shooting တွေအိမ်မှာရိုက်ရင် ဒါရိုက်တာကြီးတစ်ဖြစ်လည်း မီးထိုးမှန်ထိုး နဲ့ setting designerဘယ်သူထင်ပါသလဲ? ကိုယ်မှားရင်သူက အဲ့လိုပြောင်သေးတာ😝” ဆိုပြီး ချစ်ဇနီးရဲ့ အလုပ်တွေကို ကူညီလုပ်ကိုင်ပေးတဲ့အပြင် မပျင်းရအောင်လည်း အမျိုးမျိုးစနောက်တတ်တဲ့ ခင်ပွန်းဖြစ်သူလင်းလင်းအကြောင်းပြောလာပါတယ်။

လင်းလင်းကတော့ စိတ်ဓာတ်ပြတ်သားသူတစ်ယောက်ဖြစ်ပေမယ့် ပျော်ပျော်နေတတ်သူတစ်ယောက်ဖြစ်ပြီး စိတ်ရှည်သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ချစ်စရာကောင်းတဲ့ ချစ်သုဝေနဲ့ လင်းလင်းတို့ ဇနီးမောင်နှံနှစ်ယောက်ရဲ့ ဗီဒီယိုလေးကို သဘောကျကြမယ် ထင်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။