ကပ်ရောဂါတွေကြားမှာ ကျရာတာဝန်တွေကို နေ့ညမရွေးထမ်းဆောင်နေရပေမယ့် ပရိသတ်တွေပေးတဲ့ စိတ်ဓာတ်ခွန်အားကြောင့် ပီတိဖြစ်နေရတဲ့ ပိုးမမှီသာ

နာမည်လေးဆန်းပြီးလှသလို လူလေးလည်း ချစ်စရာကောင်းလွန်းတဲ့ ပိုးမမှီသာကတော့ စိုင်းစိုင်းခမ်းလှိုင်ရဲ့ မြေတောင်မြှောက်ပေးမှုနဲ့ အနုပညာလောကမှာ တောက်ပတဲ့ ကြယ်ပွင့်တစ်ပွင့်ဖြစ်လို့ လာတာပဲ ဖြစ်ပါတယ်။ ပိုးမမှီသာက အောင်မြင်စပြုနေတဲ့ သရုပ်ဆောင်တစ်ယောက်ပီပီ အနုပညာအလုပ်တွေကို ကြိုးစားလုပ်ကိုင်နေသလို တစ်ဖက်မှာလည်း သူမဘဝရဲ့ အရေးပါတဲ့ ပညာရေးကို ဆုံးခန်းတိုင်အောင် သင်ကြားနေရတဲ့ အလုပ်သင်ဆရာဝန်မလေးတစ်ယောက်ပဲ ဖြစ်ပါတယ်။

လက်ရှိမှာတော့ အလုပ်သင်ဆရာဝန်မလေးအဖြစ် ကျရာတာဝန်မှာ နေ့ညမရွေး တာဝန်တွေ ထမ်းဆောင်နေရတဲ့ ပိုးမမှီသာက ပရိသတ်တွေပေးတဲ့ စိတ်ဓာတ်ခွန်အားကိုလည်း အပြည့်အဝ ရရှိနေတာပဲ ဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာလည်း ပိုးမမှီသာက သူမအတွက် ဂုဏ်ပြုလက်ဆောင်အဖြစ် ပုံတူပန်းချီကားလေးတစ်ကားကို လက်ဆောင်ပေးတဲ့ ပရိသတ်ကို အသိအမှတ်ပြုကာ ကျေးဇူးတင်တဲ့အကြောင်း သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ မျှဝေလာခဲ့ပါတယ်။

ပိုးမမှီသာက ကပ်ရောဂါတွေကြားမှာ ကျရာတာဝန်တွေကို နေ့ညမရွေးထမ်းဆောင်နေရပေမယ့် ပရိသတ်တွေပေးတဲ့ စိတ်ဓာတ်ခွန်အားကြောင့် အားရှိနေတာပဲ ဖြစ်ပါတယ်။ ပိုးမမှီသာတစ်ယောက် ပရိသတ်အတွက် အနုပညာရှင်ကောင်းတစ်ယောက်ဖြစ်သလို ပြည်သူတွေ အသက်အိုးအိမ်စည်းစိမ်တွေကို စောင့်ရှောက်တဲ့ ဆရာဝန်လေးတစ်ယောက် ဖြစ်လာပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့  ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။