မိသားစုဝင်တွေစားဖို့အတွက် မီးဖိုချောင်ကိုယ်တိုင်ဝင်ပြီး အရသာရှိတဲ့အစားအစာတွေ လက်စွမ်းပြချက်ပြုတ်နေတဲ့ မင်းသားကြီး လွင်မိုး

မင်းသားကြီး လွင်မိုးကတော့ ငယ်စဉ်အရွယ်ကောင်းစဉ်က ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားတွေမှာ ဦးဆောင်နိုင်ခဲ့ပြီး ပရိသတ်တွေအပေါ် လွှမ်းမိုးထားနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ လွင်မိုးက သူ့ရဲ့ အနုပညာသက်တမ်း နှစ် (၃၀) ကျော်မှာ အကယ်ဒမီဆုကြီး (၃) ဆုတိတိကို လက်ဝယ်ပိုင်ဆိုင်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ အသက်အရွယ်တစ်ခုရောက်ရှိလာချိန်မှာတော့ လွင်မိုးက အနုပညာအလုပ်တွေထက် စီးပွားရေးအလုပ်တွေကိုသာ ပိုမိုဦးစားပေးလုပ်ကိုင်လာတာကို တွေ့ရပါတယ်။

လက်ရှိကိုဗစ်ကာလမှာတော့ နေအိမ်မှာပဲ အချိန်ကုန်ဆုံးဖြစ်နေတဲ့ လွင်မိုးက လူကြီးတစ်ယောက်ပီပီ သူဝါသနာပါတာလေးတွေ လုပ်ကိုင်နေလျက်ရှိပါတယ်။ ကိုယ်ပိုင်စားသောက်ဆိုင်တစ်ဆိုင်ကိုလည်း ပိုင်ဆိုင်ထားတဲ့ လွင်မိုးက ကိုဗစ်ကာလမှာတော့ မိသားစုဝင်တွေစားဖို့အတွက် မီးဖိုချောင်ကိုယ်တိုင်ဝင်ပြီး အရသာရှိတဲ့အစားအစာတွေ လက်စွမ်းပြချက်ပြုတ်နေတာကို အခုလိုပဲ တွေ့ရပါတယ်။

လွင်မိုးကတော့ နာမည်ကြီး မင်းသား၊ စီးပွားရေးလုပ်ငန်းရှင်ဖြစ်ပေမယ့် သူ့ရဲ့ နေထိုင်မှုပုံစံကတော့ အရမ်းကို ရိုးရှင်းလွန်းလှပါတယ်။ ပရိသတ်ကြီးလည်း လွင်မိုးချက်ပြုတ်ထားတာတွေကြည့်ပြီး သွားရည်တွေတောင်ကျလာမယ် ထင်ပါတယ်။ ဖတ်ရှုပေးကြတဲ့  ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။