ပရိသတ်တွေတောင် ရယ်မောရတဲ့အထိ တစ်ယောက်ကိုတစ်ယောက် PHOTO CMT တွေပေးရင်း ဆေးထိုးစနောက်နေကြတဲ့ စိုးပြည့်သဇင်နဲ့ ဟိန်းဝေယံ

အနုပညာလောကရဲ့ တောက်ပတဲ့ ငွေကြယ်ပွင့်နှစ်ပွင့်ဖြစ်တဲ့ ဟိန်းဝေယံနဲ့ စိုးပြည့်သဇင်ကတော့ ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားတွေမှာ အတွဲညီညီနဲ့ သရုပ်ဆောင်ခဲ့ကြသူတွေပဲ ဖြစ်ပါတယ်။ ဟိန်းဝေယံနဲ့ စိုးပြည့်သဇင်က အလုပ်တွေလည်း အတူတူတွဲဖက်လုပ်ကိုင်ကြသလို အပြင်မှာလည်း အနုပညာမောင်နှမတွေပီပီ ပြောမနာ ဆိုမနာနဲ့ ချစ်ခင်ရင်းနှီးကြတာပဲ ဖြစ်ပါတယ်။ ဟိန်းဝေယံနဲ့ စိုးပြည့်သဇင်တို့ နှစ်ယောက်စလုံးကတော့ အခုချိန်ထိ ဘဝလက်တွဲဖော်ကို ရှာမတွေ့ကြသေးပဲ တစ်ကိုယ်တည်း Single တွေအဖြစ် လွတ်လွတ်လပ်လပ်ရှိနေကြဆဲ ဖြစ်ပါတယ်။

တစ်ယောက်ကိုတစ်ယောက် စစနောက်နောက်နဲ့ အမြဲတမ်း ဆေးထိုးကျီစယ်လေ့ရှိတဲ့ ဟိန်းဝေယံနဲ့ စိုးပြည့်သဇင်က ဒီတစ်ခေါက်မှာလည်း အပြန်အလှန်စနောက်နေပြန်တာကို တွေ့ရပါတယ်။ စိုးပြည့်သဇင်က ဟိန်းဝေယံရဲ့ ဓာတ်ပုံအောက်မှာ Photo Cmt တွေပေးပြီး ဟိန်းဝေယံကလည်း ပြန်လည်စနောက်ခဲ့တာကြောင့် ပရိသတ်တွေခမျာ သူတို့နှစ်ယောက်ကိုကြည့်ပြီး သဘောကျမဆုံးဖြစ်နေရတာပဲ ဖြစ်ပါတယ်။

ဟိန်းဝေယံနဲ့ စိုးပြည့်သဇင်ကတော့ ချစ်စရာလည်းကောင်းကြသလို အပြင်မှာလည်း ခင်မင်ရင်းနှီးကြတာကြောင့် ပရိသတ်တွေကတောင် သဘောတူကြတဲ့ အနုပညာရှင်တွေပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ဟိန်းဝေယံနဲ့ စိုးပြည့်သဇင်တို့ အဖြစ်ကိုကြည့်ပြီး သဘောကျကြမယ်လို့ ထင်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။