ပရိသတ်တွေအတွက် LIVE လွှင့်ပေးရင်း ရုပ်ရှင်ဇာတ်ကားတွေမှာ ထည့်သွင်းအသုံးပြုခဲ့တဲ့ သူ့ရဲ့အချစ်တော်ခွေးလေးနှစ်ကောင်နဲ့ မိတ်ဆက်ပေးလာတဲ့ နေတိုး

နိုင်ငံကျော် မင်းသားချော တစ်ဦးဖြစ်တဲ့ နေတိုးက သရုပ်ဆောင်ကောင်းပြီး ကျရာဇာတ်ရုပ်ကို တိတိကျကျ သရုပ်ဆောင်နိုင်တာမို့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်ခြင်းကို တစ်ခဲနက် ခံရသူ တစ်ဦးပါ။ နေတိုးက သူ့ရဲ့ အနုပညာသက်တမ်းတစ်လျှောက်မှာ အကယ်ဒမီဆုကြီး သုံးဆုကို ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိထားပြီး အနုပညာသက်တမ်း နှစ်(၂၀) တိုင် မလျော့သွားတဲ့ အောင်မြင်မှုတွေ တစ်ရှိန်ထိုး ရရှိနေတာ ဖြစ်ပါတယ်။ နေတိုးကလည်း အသက်လေးဆယ်နားနီးအရွယ်အထိ အိမ်ထောင်မပြုသေးပဲ တစ်ကိုယ်တည်းလူပျိုကြီးအဖြစ်နေထိုင်ရင်း အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်နေလျက်ရှိပါတယ်။

လက်ရှိမှာတော့ အနုပညာလှုပ်ရှားမှုတွေ အားလုံးကို ရပ်နားထားတဲ့ နေတိုးက သူ့ရဲ့ နေအိမ်မှာပဲ ဝါသနာပါရာလေးတွေကိုလုပ်ကိုင်ရင်း အချိန်တွေ ကုန်ဆုံးဖြစ်နေတာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ နေတိုးက ပရိသတ်တွေအတွက် သူ့ရဲ့ Youtube စာမျက်နှာကနေ Live လွှင့်ပေးရင်း ရုပ်ရှင်ဇာတ်ကားတွေမှာ ထည့်သွင်းအသုံးပြုခဲ့တဲ့ သူ့ရဲ့အချစ်တော်ခွေးလေးနှစ်ကောင်နဲ့ မိတ်ဆက်ပေးလာတာကို အခုလိုပဲ တွေ့ရပါတယ်။

နေတိုးကတော့ သူ့ရဲ့ အပြင်လက်တွေ့ဘဝက နေထိုင်မှုပုံစံကို ပရိသတ်တွေဆီ ပွင့်ပွင့်လင်းလင်းချပြခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း နေတိုးရဲ့ ဗီဒီယိုလေးကိုကြည့်ရလို့ ကျေနပ်သဘောကျကြမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့  ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။