နေဒွေးရဲ့ ပို့စ်တွေမှာ ကောန့်ဝင်မပေးဘူးဆိုတဲ့ စကားအပေါ် ထောက်ပြဝေဖန်တဲ့ ပရိသတ်ကို အကျိုးသင့်အကြောင်းသင့်ပြန်လည်ဖြေရှင်းခဲ့တဲ့ ဆောင်းယွန်းစံ

သရုပ်ဆောင် ဆောင်းယွန်းစံကတော့ လတ်တလောမှာ ပရိသတ်တွေရဲ့ အာရုံစိုက်ခြင်းခံနေရသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ဆောင်းယွန်းစံက သူမရဲ့ သူငယ်ချင်း သရုပ်ဆောင် နေဒွေးနဲ့ သံစဉ်မောင်တို့ရဲ့ ကိစ္စမှာ မဆီမဆိုင် အပြောခံနေရပြီး အထင်အမြင်လွဲခံနေရတာကြောင့် သူမဘက်က မှန်ကန်ကင်းရှင်းကြောင်း ပရိသတ်တွေကို ရှင်းပြခဲ့ပြီးပြီ ဖြစ်ပါတယ်။ ဒါပေမယ့် တချို့သော ပရိသတ်တွေကတော့ သူမအပေါ် ဝေဖန်မှုတွေရှိနေသေးပြီး ဒီကနေ့မှာလည်း နေဒွေးရဲ့ ပို့စ်တွေမှာ ကောန့်ဝင်မပေးဘူးဆိုတဲ့ စကားကို ထောက်ပြဝေဖန်ခဲ့တာပဲ ဖြစ်ပါတယ်။

ထိုကိစ္စနဲ့ ပက်သတ်ပြီး ဆောင်းယွန်းစံက “ဒိကိစ္စလေးတော့ ဝင်ရှင်းသင့်တယ်ထင်လို့နော်။ ဆောင်း like မပေး cmt မပေးဘူးဆိုတာ ကိုနေဒွေးနဲ့သံစဉ်မောင်နဲ့ဆိုင်တဲ့ ပိုစ်တွေကို ပြောတာပါ။ ဈေးရောင်းပိုစ့်တွေ တခြားမသက်ဆိုင်တဲ့ ပိုစ်တွေမန့်ချင်မန့်မယ် စကားပြောမယ်။ ဒါဆောင်းရဲ့ personal လေ။ ညီမတို့ရော ညီမတို့သူငယ်ချင်းတွေဈေးရောင်းရင် ဝင်မဝယ်ဘူးလား.? ဒါနောက်ဆုံးရှင်းတာ။ ကျန်တာ ထင်ချင်တာထင်တော့ .. ဟုတ်ပြီနော် ✌️” ဆိုပြီး အကျိုးသင့်အကြောင်းသင့် ပြန်လည်ဖြေရှင်းခဲ့ပါတယ်။

ဆောင်းယွန်းစံကတော့ ဖြစ်လာသမျှကို ပြောခံရမယ့်ကံပါလို့ ပြောခံရတယ်လို့ သက်မှတ်ကြောင်း သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ပြောခဲ့ပြီးပြီပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးတဲ့  ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။