ဦးနှောက်မှာ အကြိတ်ရှိနေတဲ့ လက္ခဏာ (၇) မျိုး

ဦးနှောက်ဟာ ခန္ဓာကိုယ်ရဲ့ အရေးကြီးဆုံး အစိတ်အပိုင်းတွေထဲက တစ်ခုဖြစ်ပါတယ်။ သင့်ရဲ့ အတွေးအခေါ်၊ အာရုံတွေအားလုံးအပြင် ခံစားချက်တွေကိုတောင် ဦးနှောက်က ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။ ဦးနှောက်မှာ အကြိတ်ရှိနေပြီဆိုရင်တော့ ကင်ဆာအဆင့် မရောက်သေးခင်မှာ အချိန်မီသိရှိပြီး ကုသမှုခံယူဖို့ လိုအပ်ပါတယ်။ ဒါကြောင့် ဦးနှောက်အကြိတ်ရဲ့ လက္ခဏာတွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) ခေါင်းကိုက်ခြင်း – အပြင်းအထန် ခေါင်းကိုက်မယ်၊ အထူးသဖြင့် မနက်ပိုင်းတွေမှာ ပိုပြီးတော့ ခံစားရပါလိမ့်မယ်။ ဒါဟာ ဦးနှောက်ထဲက ကြွက်သားတွေ ကြီးထွားနေတဲ့ လက္ခဏာပါပဲ။(၂) တုန်ခြင်း – ခြေလက်တွေတုန်တာ၊ ရင်တုန်တာ စတဲ့လက္ခဏာတွေဟာလည်း ဦးနှောက်အကြိတ်ရှိခြင်းရဲ့ လက္ခဏာတွေထဲက တစ်ခုဖြစ်ပါတယ်။ (၃) အမြင်အာရုံချို့တဲ့ခြင်း ဦးနှောက်မှာ အကြိတ်ရှိတဲ့သူတွေဟာ အမြင်အာရုံ ဝေဝါးခြင်း၊ ရှင်းလင်းပြတ်သားစွာ မမြင်ရခြင်းအပြင် နှစ်ထပ်မြင်နေရ တတ်ပါတယ်။

(၄) စိတ်ပိုင်းဆိုင်ရာအားနည်းခြင်း အာရုံမစူးစိုက်နိုင်ခြင်း၊ မှတ်ဥာဏ်အားနည်းခြင်း၊ ဘယ်အရာကိုမှ ကောင်းကောင်းမွန်မွန် မစဉ်းစား မတွေးခေါ်နိုင်ခြင်းတွေဟာလည်း ဦးနှောက်ကင်ဆာရဲ့ အစဖြစ်နေတတ်ပါတယ်။ (၅) မူးခြင်း၊ အန်ခြင်း- ဒါဟာ မနက်ပိုင်းမှာ အဖြစ်များပါတယ်။ မူးဝေနေပြီး မအီမသာ ခံစားရပါလိမ့်မယ်။ ဦးနှောက်အကြိတ် ဝေဒနာရှင်တွေ ပြောကြားချက်အရ အန်လိုက်ရင်တောင် ခေါင်းမူးတာ မသက်သာသွားဘူးလို့ ဆိုပါတယ်။

(၆) မျှမျှတတမလုပ်နိုင်ခြင်း-လုပ်ငန်းစွမ်းဆောင်ရည်တွေ ကျဆင်းပြီး အလုပ်တွေကို အရင်ကလို မျှမျှတတ မလုပ်နိုင်တော့ပဲ ထိန်းသိမ်းနိုင်စွမ်း ကျဆင်းသွားပါလိမ့်မယ်။(၇) ခံစားမှုများပြောင်းနေခြင်း- ဦးနှောက်မှာရှိတဲ့ အကြိတ်က နားအူခြင်း၊ ထုံကျင်ခြင်းအပြင် တခြား ခန္ဓာကိုယ်ပိုင်းဆိုင်ရာမှာလည်း ပုံမှန်မဟုတ်တဲ့ ခံစားချက်တွေ ဖြစ်ပေါ်နေစေပါတယ်။