ဖေဖေလင်းရဲ့ သီချင်းတွေကို ဂစ်တာတီးပြီး အိုက်တင်အပြည့်နဲ့သီဆိုနေကြတဲ့ ခေတ်နဲ့သစ်ရဲ့ဗီဒီယိုကိုမျှဝေလာတဲ့ချစ်သုဝေ

ချစ်သုဝေကတော့ ချစ်စရာကောင်းပြီး လှပလွန်းသူတစ်ယောက်ဖြစ်လို့ ပရိသတ်တွေရဲ့ အချစ်တွေကို အများကြီးပိုင်ဆိုင်ထားရုံသာမက အိမ်ထောင်ကျကံကောင်းသူလေးတစ်ယောက်လည်း ဖြစ်ပါတယ်။ ချစ်သုဝေက သူမကို အရိပ်တကြည့်ကြည့်နဲ့ ဂရုစိုက်စောင့်ရှောက်တဲ့ ခင်ပွန်းဖြစ်သူ လင်းလင်းနဲ့ ချစ်စရာကောင်းပြီး မိဘအပေါ် သိတတ်လိမ္မာတဲ့ သမီးကြီးခေတ်နဲ့ သမီးငယ်သစ်တို့ကြောင့် ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။

ဒီတစ်ခေါက်မှာလည်း ခေတ်နဲ့သစ်လေးက ဂစ်တာတွေကိုယ်စီနဲ့ သီချင်းတွေ အော်ဟစ်ဆိုနေကြတာကို တွေ့ရပါတယ်။ ချစ်သုဝေကတော့ ဂစ်တာတွေကိုယ်စီနဲ့ ခေတ်နဲ့ သစ်ရဲ့ ဗီဒီယိုလေးကို မျှဝေပေးရင်း “ကလေးတွေက guitar အရမ်းကို တီးတတ်နေပြီ.. အားကျ သွားကြပါသလား???😝” ဆိုပြီး သမီးနှစ်ယောက်ကို ချစ်ကြတဲ့ ပရိသတ်တွေကို အရွှန်းဖောက်စနောက်ခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးအတွက် ခေတ်နဲ့သစ်ရဲ့ ချစ်စရာကောင်းတဲ့ ဗီဒီယိုလေးကို ဖော်ပြပေးလိုက်ပါတယ်နော်။

ခေတ်လေးနဲ့ သစ်လေးကတော့ ဖေဖေနဲ့မေမေရဲ့ ဂီတသွေးတွေ အပြည့်အဝ စီးဆင်းနေပြီး သီချင်းဆိုတာ တူရိယာတီးမှုတ်တာတွေကို သဘောကျနှစ်ခြိုက်ကြတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ခေတ်နဲ့သစ်ရဲ့ ဗီဒီယိုလေးကိုကြည့်ပြီး သဘောကျနေကြမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။