သနပ်ခါးပါးကွက်ကြားနဲ့လှနေတဲ့ စမိုင်းလ်ရဲ့ LIVE ဗီဒီယိုအောက်မှာ ချစ်တဲ့အကြောင်းတွေပြောပြီး ဝန်းရံအားပေးခဲ့တဲ့ ထက်ထက်မိုးဦး

ပရိသတ်တွေချစ်ကြတဲ့ မိုးကုတ်သူလေး ထက်ထက်မိုးဦးကတော့ အနုပညာလောကမှာ မချစ်တဲ့သူမရှိလောက်အောင်ကို အောင်မြင်မှုတွေများစွာ ရရှိပိုင်ဆိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ ထက်ထက်မိုးဦးက ကျန်းမာရေးအခြေအနေကြောင့် အနုပညာအလုပ်တွေနဲ့ ခဏတာအဆက်အသွယ် ပြတ်တောက်သွားပေမယ့် ဘယ်အချိန်မှာဘာပဲလုပ်လုပ် ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိနေဆဲ ဖြစ်ပါတယ်။ ထက်ထက်မိုးဦးကို ပရိသတ်တွေသာမက အနုပညာအသိုင်းအဝိုင်းတစ်ခုလုံးကလည်း ချစ်ခင်အားပေးကြတာကို တွေ့ရပါတယ်။

လူချစ်လူခင်ပေါများလွန်းတဲ့ ထက်ထက်မိုးဦးကလည်း သူမကိုချစ်ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို တူညီတဲ့မေတ္တာနဲ့ ပြန်လည်တုံ့ပြန်တတ်သူတစ်ယောက် ဖြစ်ပါတယ်။ ဒီကနေ့မှာလည်း ထက်ထက်မိုးဦးက သနပ်ခါးပါးကွက်ကြားနဲ့လှနေတဲ့ ချစ်ညီမလေး စမိုင်းလ်ရဲ့ Live ဗီဒီယိုအောက်မှာ ချစ်တဲ့အကြောင်းတွေပြောပြီး ကောမန့်ပေးနေတာကို အခုလိုမျိုးပဲ တွေ့မြင်ရပါတယ်။

စမိုင်းလ်ကတော့ ထက်ထက်မိုးဦးရဲ့ Live ဗီဒီယိုတွေမှာ ထက်ထက်ကိုချစ်တဲ့စိတ်နဲ့ စိန်ရွှေလက်ဝတ်ရတနာတွေများစွာကို ဝယ်ယူပြီး အားပေးခဲ့သလို ထက်ထက်ကလည်း သူမရဲ့ ညီမလေးတစ်ယောက်လိုဖြစ်နေတဲ့ စမိုင်းလ်ကို ချစ်ရှာတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ချစ်စရာကောင်းတဲ့ နိုင်ငံကျော် မင်းသမီးနှစ်ယောက်ရဲ့ ဆက်ဆံရေးကို သဘောကျနေကြမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့  ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။