မင်းမော်ကွန်းရဲ့ သမီးချောလေး လေပြေသွေးအတွက် ကိုယ်တိုင်ဗီဒီယိုလေးရိုက်ပြီး မှတ်မှတ်ရရမွေးနေ့ဆုတောင်းပေးခဲ့တဲ့ ထွန်းထွန်း

ပရိသတ်တွေချစ်ကြတဲ့ မင်းသားချောနှစ်ယောက်ဖြစ်တဲ့ ထွန်းထွန်းနဲ့ မင်းမော်ကွန်းက အနုပညာအလုပ်တွေကို အတူတူတွဲဖက်လုပ်ကိုင်ခဲ့ကြပြီး နောက်ဆုံးရိုက်ကူးခဲ့တဲ့ “လေးပါးကျော့ရှိန် ဝရဇိန်” ရုပ်ရှင်ဇာတ်ကားမှာလည်း ပရိသတ်တွေရဲ့ ချီးကျူးခြင်းကို ခံခဲ့ရသူတွေ ဖြစ်ပါတယ်။ ဒါ့အပြင် ထွန်းထွန်းနဲ့ မင်းမော်ကွန်းက နှင်းဆီအဖွဲ့နဲ့အတူတူ လူရွှင်တော်တွေအဖြစ် ပါဝင်နေကြပြီး တစ်ယောက်နဲ့တစ်ယောက် ညီအစ်ကိုရင်းတွေလို ခင်မင်ရင်းနှီးခဲ့ကြတာပဲ ဖြစ်ပါတယ်။

ဒီကနေ့ နိုဝင်ဘာလ (၂၁) ရက်နေ့ကတော့ မင်းမော်ကွန်းရဲ့ တစ်ဦးတည်းသော သမီးလေး လေပြေသွေးရဲ့ မွေးနေ့လေးပဲ ဖြစ်ပါတယ်။ ထွန်းထွန်းကလည်း သူလေးစားချစ်ခင်ရတဲ့ မင်းမော်ကွန်းရဲ့ ချစ်စရာကောင်းတဲ့ သမီးလေးအတွက် သူကိုယ်တိုင် ဗီဒီယိုလေးကို ရိုက်ကူးပြီး လေပြေသွေးအတွက် ဖြစ်စေချင်တဲ့ ဆန္ဒတွေနဲ့အတူတူ မွေးနေ့ဆုမွန်ကောင်းတောင်းပေးခဲ့တာကို အခုလိုပဲ တွေ့ရပါတယ်။

လေပြေသွေးလေးကတော့ ဖေဖေမင်းမော်ကွန်းနဲ့ မေမေသင်ဇာတို့ရဲ့ အချောအလှတွေ စုပြုံထားသလားမှတ်ရအောင် နိုင်ငံခြားသူလေးလို လှသွေးကြွယ်လာခဲ့ပြီပဲ ဖြစ်ပါတယ်။ လေပြေသွေးလေးလည်း ဦးဦးထွန်းထွန်းရဲ့ ဆုတောင်းခြင်းတွေနဲ့ ပြည့်စုံပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့  ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။