ယွန်းယွန်းရဲ့မေမေကြောင့် ငယ်ဘဝအငွေ့အသက်လေးတစ်ခုကို ခံစားခဲ့ရကြောင်း ကြည်ကြည်နူးနူးပြောလာတဲ့ သဇင်ထူးမြင့်

သရုပ်ဆောင်၊ ဟာသလူရွှင်တော် ခင်လှိုင်ရဲ့ သမီးဖြစ်တဲ့ သဇင်ထူးမြင့်ကတော့ ရွှေကြိုမယ်လေးတစ်ယောက်အဖြစ် ပါဝင်ဆောင်ရွက်ခဲ့ပြီးနောက် အနုပညာကို ဝါသနာပါလာခဲ့သူတစ်ယောက် ဖြစ်ပါတယ်။ အခုဆိုရင် အနုပညာလောကမှာ နေရာတစ်နေရာရရှိနေပြီဖြစ်တဲ့ သဇင်ထူးမြင့်ကတော့ အခုဆိုရင် ဇာတ်လမ်းတွဲတွေနဲ့ သီချင်း MV တွေမှာ ပါဝင်သရုပ်ဆောင်နေတာကို ပရိသတ်ကြီးလည်း တွေ့မြင်ရမှာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ သဇင်ထူးမြင့်က သရုပ်ဆောင် ယွန်းယွန်းရဲ့ မေမေကြောင့် ငယ်ဘဝအငွေ့အသက်လေးတစ်ခုကို ခံစားခဲ့ရကြောင်း ကြည်ကြည်နူးနူးပြောလာပါတယ်။

သဇင်ထူးမြင့်က ယွန်းယွန်းမေမေထည့်ပေးလိုက်တဲ့ မုန့်လေးကိုကြည့်ပြီး “ယွန်း မေမေထည့်ပေးတာ။ အမြဲအပြင်သွားတိုင်း မုန့်ထည့်ပေးတယ်။ ယွန်းတစ်ခု သူငယ်ချင်းတစ်ခု.. ခံစားချက်က မူကြိုကလေးလေးတွေ ကျောင်းလာရင် သူငယ်ချင်းဖို့ အိမ်ကမုန့်တစ်ခုပိုထည့်ပေးလိုက်သလိုပဲ How Cute ” ဆိုပြီး သမီးနဲ့အတူတူ သမီးရဲ့ သူငယ်ချင်းတွေကိုပါ ကြင်နာဂရုစိုက်တဲ့ ယွန်းယွန်းရဲ့ မေမေအကြောင်း ပြောလာတာပဲ ဖြစ်ပါတယ်။

သဇင်ထူးမြင့်ကတော့ သူမကိုယ်တိုင်လည်း တစ်အိမ်လုံးက သည်းသည်းလှုပ်အချစ်ခံရသူလေးဖြစ်ပြီး သူငယ်ချင်းယွန်းယွန်းတို့အိမ်က ဂရုစိုက်မှုလေးကြောင့်လည်း ကြည်နူးခဲ့ရတာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။