အပျိုကြီးဂုဏ်ကို သေသေချာချာလေးကို ထိန်းထားရတာဆိုတဲ့ ဆုထက်ကုဋေ

တစ်ယောက်တည်းနေရတဲ့ဘ၀လေးကိုသဘောကျတဲ့အတွက် အပျိုကြီးဂုဏ်ကိုသေသေချာချာလေး ထိန်းထားရတယ်လို့ ဆုထက်ကုဋေက ပြောလာပါတယ်။ The Yangon Gallery မှာ မေလ ၂၂ ရက်ကကျင်းပတဲ့ “အဆောင်” ရုပ်သံဇာတ်လမ်းတွဲစာနယ်ဇင်းမီဒီယာ မိတ်ဆက်ပွဲအခမ်းအနားမှာ အခုလိုဖြေကြားပေးခဲ့တာဖြစ်ပါတယ်။ “ အပျိုကြီးဆိုတာဟိုတစ်လောကပြောသလိုပဲ အပျိုကြီးဂုဏ်ကိုသေသေချာချာလေးကိုထိန်းထားရတာ။ အစ်မကတော့ တစ်ယောက်တည်းနေရတဲ့ဘ၀လေးကိုသဘောကျတယ်။ တစ်ယောက်တည်းဆို လုပ်ချင်တာလုပ်၊ လွတ်လွတ်လပ်လပ်လုပ်လို့ရတယ်။ ခရီးတွေလည်းသွားလို့ရတယ်။ ကိုယ့်ဘ၀နဲ့ကိုယ် နေချင်လို့ရတယ်။ ကျန်တာတော့ပြောဖို့မရှိပါဘူး။ ကိုယ်အတွက်အပျိုကြီးပါပဲ။ အားနေတဲ့အချိန်မှာတော့ စာဖတ်တယ်။ အစ်မရဲ့ခွေးလေးရှိတယ်။ ရေကူးတယ်။ လေ့ကျင့်ခန်းလုပ်ပေးတယ်။ ပြီးရင်ပန်းပင်စိုက်တယ်။ ဘုရားသွားတယ်။ ရိုးရှင်းပါတယ်”လို့ ဆုထက်ကုဋေက ပြောပါတယ်။

သူမဟာ Fortune TV Channel (free – to-air) မှာ မကြာခင်ထုတ်လွှင့်ပြသတော့မယ့် “အဆောင်” ရုပ်သံဇာတ်လမ်းတွဲမှာ အတိက်ကအရိပ်မည်းတွေအောက် ဘ၀ကိုအထီးကျန်စွာ၊ လျှို့ဝှက်စွာ ဖြတ်သန်းနေရတဲ့ အပျိုကြီးဘ၀ကို သရုပ်ဆောင်ထားတယ်လို့လည်း သိရပါတယ်။ ဆုထက်ကုဋေကတော့ ဇာတ်လမ်းတွဲတွေအများဆုံးရိုက်ကူးနေတာဖြစ်ပြီး “ပျောက်ဆုံးနေသောအမှန်တရား” ဇာတ်လမ်းတွဲကိုမကြာခင်ကရိုက်ကူးခဲ့ပြီး ပရိသတ်အားပေးမှုတွေရရှိခဲ့ပါတယ်။

Credit-အကုန်သိ