မသင်ဇာ အပေါ်မှာ နှာဘူးစိတ်နဲ့မပတ်သက်ဖူးဘူးဆိုတဲ့ ဟိန်းမင်းသူ

မြန်မာနိုင်ငံရဲ့ အွန်လိုင်းစတားတစ်ယောက်ဖြစ်တဲ့ဟိန်းမင်းသူကို အားလုံးသိကြမယ်ထင်ပါတယ်။ သူက သရုပ်ဆောင်အလုပ်တွေလည်းလုပ်သလို သီချင်းတွေကိုလည်းသီဆိုသူတစ်ယောက်ဖြစ်ပြီး အထူးသဖြင့် မိန်းကလေးပရိသတ်တွေရဲ့ ဝန်းရံခြင်းကိုခံရသူတစ်ယောက်လည်းဖြစ်ပါတယ်။ သူနဲ့Myanmar Celebrity နဲ့အင်တာဗျူးမှာ သဉ္ဇာဝင့်ကျော်ချစ်သူရသွားတဲ့အပေါ်မှာ သူရဲ့အမြင်တွေကိုပြောပြထားတာရှိပါတယ်။ အဲ့ဒီအကြောင်းအရာလေးတွေကို ပြောချင်လွန်းလို့ ပရိသတ်တွေသိအောင်ပြောပြပေးလိုက်ပါတယ်ခင်ဗျာ။

ဟိန်းမင်းသူက “ ဘုရားပေးပေး၊ကျမ်းပေးပေး အခုမိုးရွာနေတယ် မှန်တာပြောချမ်းသာပါစေ ။ ကျနော်နဲ့ မသင်ဇာကတကယ်မောင်နှမတွေလိုပဲ ။သူ့ရဲ့အပြောအဆိုတွေ သူ့ရဲ့အတွေးကို ကျနော်အရမ်းသဘောကျတာ ၊ သူအရမ်းပြတ်သားတယ်။ အဲ့ဒါလေးတွေသူ့ကိုသဘောကျတယ်။ နောက်ပြီးတော့သူက ကျနော်တော်တော်ကြိုက်တဲ့ မင်းသမီးတစ်ယောက်လည်းဖြစ်တယ်။

အဲ့ဒါလောက်ပဲ ဒီထက်ပိုပြီးတော့ ပတ်သက်ဖူးတာတွေဘာတွေ ကျနော်တို့မှာမရှိဘူး ။မှန်တာပြောရင် အခုထွက်မယ့်သီချင်းတွေ ပရိသတ်လုံးဝကြိုက်ပါစေ ။ ကျနော်မသင်ဇာကို နှာဘူးစိတ်နဲ့လည်းမပတ်သက်ဖူးဘူး မောင်နှမစိတ်ထက်လည်းပိုပြီးတော့ လည်းမပတ်သက်ဖူးဘူး ။”ဆိုပြီး သူနဲ့သင်ဇာဝင့်ကျော်နဲ့ပတ်သက်မှုတွေကိုပြောပြသွားခဲ့ပါတယ်။

နောက်ထပ်လည်း သင်ဇာဝင့်ကျော်အနေနဲ့ချစ်သူကိုချပြလိုက်တဲ့အပေါ်မှာလည်း “ ကျနော်ကအစောကြီးကတည်းကသိတယ် ။ သူဒီလိုမျိုးမော်လ်ဒိုက်သွားတယ်ဆိုတာလည်းသိတယ်။ ဒါက လေအထူးဆန်းကြီးတစ်ခုမဟုတ်ဘူး ။သူမှာလည်းသူ့ချစ်သူသူရှိတယ် ။ ပရိသတ်ကိုလည်းPublicကိုချပြလိုက်တာပဲရှိတာ သူရဲ့Fan တွေကို Surpriseလုပ်လိုက်တယ်ပဲရှိတာ ကျနော်တို့အတွက် Surpriseတော့မဟုတ်ဘူးလေ။

ကျနော်တို့ကအစောကြီးကတည်းက မသင်ဇာကလည်း ကိုယ့်အစ်မလိုပဲ ။သူရွေးချယ်သွားတဲ့လမ်းကောင်းပါတယ်။ မသင်ဇာတို့လည်းသူတို့ပျော်တာသူတို့လုပ်တာ ကျနော်တို့ထက်တောင် ဦးနှောက်အတွေးအခေါ်တွေအများကြီးကောင်းတယ်။ သူတို့တွေက သူတို့စိတ်ဆင်းရဲမယ့်အလုပ်တော့ ဘယ်တော့မှလုပ်မှာမဟုတ်ဘူး” ဆိုပြီးပြောပြသွားခဲ့ပါတယ်။

Credit-ဟီးဟီးဟားဟား