ကျော်ဇင်ထက်နှင့်အောင်သူတို့ကိုကျော်ဖြတ်ပြီး အကောင်းဆုံးကစားသမားဆုကိုရရှိသွားတဲ့မောင်မောင်လွင်

မြန်မာနိုင်ငံအသင်းရဲ့အဓိက ကစားသမားဖြစ်သောအောင်သူနဲ့တူတူပရိတ်သတ်တွေ စောင့်ကြည့်ခြင်းခံရသူကတော့ ရန်ကုန်ယူနိုက်တက်အသင်းရဲ့တိုက်စစ်မှူးကစားသမားမောင်မောင်လွင်ပဲ ဖြစ်ပါတယ်။ နိုင်ငံအသင်းအတွက်ရောကလပ်အသင်းအတွက်ပါ အရေးပါတဲ့သွင်းဂိုးတွေသွင်းယူပေးယူနိုင်တာကြောင့် ပရိတ်သတ်တွေရဲ့စိတ်ဝင်စားခြင်းခံနေရတာပဲ ဖြစ်ပါတယ်။

မောင်မောင်လွင်ဟာ ၂၀၁၅ ယူ၁၉ ကမ္ဘာ့ဖလားပြိုင်ပွဲထဲက ပါဝင်ကစားခဲ့ပြီးနာမည်ရခဲ့တာပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့အာရှအားကစားပြိုင်ပွဲမှာလည်း မြောင်ကိုရီးယားအသင်းမျိုးကို ဦးဆောင်ဂိုးတွေသွင်းနိုင်တဲ့ အရေးပါတဲ့ ကစားသမားတစ်ယောက် ဖြစ်ပါတယ်။ သူဟာ ၂၀၁၄ ကနေ ၂၀၁၇ အထိဟံသာဝတီယူနိုက်တက်အသင်းတွင်ကစားခဲ့ပြီး ၂၀၁၈ခုနှစ်တွင် ရန်ကုန်ယူနိက်တက်သို့ပြောင်းရွှေ့လာတာလည်း ဖြစ်ပါတယ်။ ဆူဇူကီးပြိုင်ပွဲတွင်လည်းခြေစွမ်းပြနိုင်သောကြောင့် ထိုင်းပရီးမီးယားလိပ်ဒ်ကလပ်အသင်းကခေါ်ယူဖို့လုပ်ခဲ့ပင်မဲ့ ရန်ကုန်ယူနိုက်တက်က AFC Champiom League ပြိုင်ပွဲတွေကြောင့်မလွှတ်ခဲ့တာပဲ ဖြစ်ပါတယ်။

မနေ့ညပိုင်းက ရန်ကုန်မြို့ Novotel Hotel တွင်ကျင်းပပြုလုပ်ခဲ့သော MFF-MNL Awards night 2018 အကောင်းဆုံးဆု ဆုပေးပွဲအခမ်းအနားတွင် အမျိုးသားအကောင်းဆုံးဆုကို ရန်ကုန်ယူနိုက်တက်အသင်းနှင့် မြန်မာ့လက်ရွေးစင်ကွင်းလယ်လူ မောင်မောင်လွင် ရရှိခဲ့တာပဲ ဖြစ်ပါတယ်။ မောင်မောင်လွင်သည် အဆိုပါဆုကို ကျော်ဇင်ထက်၊ သန်းထက်အောင်တို့ကိုကျော်ဖြတ်ကာ ရယူနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ မောင်မောင်လွင်ရဲ့ ဆုပေးပွဲ အခမ်းအနားပုံရိပ်များကို ပရိတ်သတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်နော်။

Photo – Mg Mg Lwin

“Myanmarload’s content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights”