ဖေဖေနဲ့ မေမေရဲ့ နှစ် (၃၀) တိုင် သာယာတဲ့ အိမ်ထောင်တစ်ခုကို အတူတူတည်ဆောက်နိုင်ခဲ့တဲ့ ကြည်နူးဖွယ်အကြောင်းအရာတွေကို ဗီဒီယိုလေးနဲ့တကွ ချပြလာတဲ့ နေခြည်ဦး

စကားပြောပွင့်လင်းပြီး အရမ်းကိုချစ်ဖို့ကောင်းလွန်းတဲ့ နေခြည်ဦးကတော့ သူမရဲ့ လူမှုနေထိုင်မှုဘဝကို ကွယ်ဝှက်မှုမရှိပဲ ပရိသတ်တွေကို ချပြရဲတဲ့ ခပ်ဂေါ်ဂေါ်မိန်းကလေးတစ်ယောက်ပဲ ဖြစ်ပါတယ်။ အမြဲလိုလို အမိုက်စားဖက်ရှင်တွေနဲ့ တွေ့မြင်ရလေ့ရှိတဲ့ နေခြည်ဦးကတော့ လတ်တလောမှာတော့ အနုပညာလှုပ်ရှားမှုတွေ ရပ်နားထားပေမယ့် သူမရဲ့ beautybynaychi ပေ့ခ်ျလေးကနေ ပရိသတ်တွေအတွက် မရိုးနိုင်တဲ့ Vlog လေးတွေကို တင်ဆက်ပေးနေတာပဲ ဖြစ်ပါတယ်။

ဒီတစ်ခေါက်မှာတော့ နေခြည်ဦးက “Happy 30th Anniversary ပါဖေကြီးနဲ့ မေကြီး 👩‍❤️‍👨 အခုလိုနှစ်တွေအကြာကြီး တစ်ယောက်အပေါ်တစ်ယောက်နွေးနွေးထွေးထွေးနဲ့ အတူတူရှိနေပေးလို့ ကျေးဇူးပါ အရမ်းလည်းချစ်တယ်နော် 😘🥰 ဒီဇင်ဘာ 29 ရက်နေ့တုန်းက နေခြည့်ဖေဖေနဲ့ မေမေရဲ့ နှစ် ၃၀ ပြည့် Anniversary Day လေးဆိုတော့ အဲ့ဒီနေ့ကို အမှတ်တရနေ့လေးအဖြစ် နေခြည်က ဖေဖေနဲ့မေမေတို့ရဲ့ အနှစ် ၃၀ ပြည့်ကနေပြီးတော့ နောက်နှစ်တွေအများကြီးကြာတဲ့အခါ Memory လေးတစ်ခုအနေနဲ့ပြန်ကြည့်လို့ရအောင် Vlog လေးရိုက်ထားတယ်။ဖေကြီးကအရမ်းချစ်တတ်တာနော် နေခြည်တောင်သူတို့ကိုကြည့်ရင်းနဲ့တွေးနေတာ ဖေဖေ့လိုချစ်တတ်တဲ့ယောကျာ်းမျိုးတွေ့တော့မှပဲ ယောကျာ်းယူဖြစ်တော့မယ်နဲ့တူတယ်။ 😝😌”ဆိုပြီး အဖေနဲ့ အမေရဲ့ နှစ်(၃၀)ပြည့် မင်္ဂလာနှစ်ပတ်လည်နေ့မှာ မိသားစုငါးယောက် ကြည်နူးဖွယ်အမှတ်တရတွေဖန်တီးနိုင်ခဲ့ကြောင်း ဗီဒီယိုလေးနဲ့တကွ ချပြလာပါတယ်။

နေခြည်ဦးကတော့ တစ်ယောက်နဲ့တစ်ယောက် ချစ်ခြင်းမေတ္တာတွေကို လွှမ်းခြုံထားရင်း မင်္ဂလာသက်တမ်း နှစ် (၃၀) ပြည့်တိုင် ဖေဖေနဲ့ မေမေကိုကြည့်ပြီး အားကျနေရတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း နေခြည်ဦးတို့မိသားစုလေးကိုကြည့်ပြီး အပျော်တွေကူးစက်သွားမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။