ဘဝတစ်သက်တာလုံးမှာ ခင်ပွန်းဖြစ်သူရွှေထူးနဲ့ပဲ ကောင်းတူဆိုးဖက် အတူရှိနေဖို့လိုအပ်ကြောင်း ချစ်စဖွယ်ပြောလာတဲ့ ရွှေမှုံရတီ

နိုင်ငံကျော် အနုပညာရှင်တွေဖြစ်ကြတဲ့ ရွှေထူးနဲ့ ရွှေမှုံရတီက အနုပညာလောကမှာ အောင်မြင်မှုတွေကိုယ်စီ ရရှိပိုင်ဆိုင်ထားတဲ့ တောက်ပတဲ့ ငွေကြယ်ပွင့် စုံတွဲလေးပဲ ဖြစ်ပါတယ်။ ရွှေထူးနဲ့ ရွှေမှုံရတီက သာယာပျော်ရွှင်တဲ့ အိမ်ထောင်တစ်ခုကို တည်ဆောက်ထားပြီး တစ်ယောက်ကိုတစ်ယောက် အပြန်အလှန် အားပေးနှစ်သိမ့်နေရင်း ပျော်ရွှင်စရာကောင်းတဲ့ အချိန်တွေကို အတူတူကုန်ဆုံးနေတာပဲဖြစ်ပါတယ်။ ပရိသတ်တွေအတွက်ကတော့ ရွှေထူးနဲ့ ရွှေမှုံရတီရဲ့ ဇနီးမောင်နှံက အားကျဖွယ်ရာအတိရှိတဲ့ အနုပညာရှင်စုံတွဲတစ်တွဲပဲ ဖြစ်ပါတယ်။

အချစ်ကြီးသလို တစ်ယောက်ကိုတစ်ယောက်ချစ်တဲ့အကြောင်းတွေပြောဖို့ ဝန်မလေးတဲ့ ရွှေထူးနဲ့ ရွှေမှုံရတီက ပရိသတ်တွေကို အားကျစေအောင် အမြဲတမ်း Romantic ဆန်ဆန် စကားလုံးလေးတွေ ပြောလေ့ရှိတာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာလည်း ရွှေမှုံရတီက ခင်ပွန်းဖြစ်သူရွှေထူးနဲ့ အတူတူရှိနေတဲ့ အမှတ်တရဓာတ်ပုံလေးကို မျှဝေပြီး “❤️❤️❤️သူနဲ့ အတူရှိ နေရဖို့ပဲလိုတယ်❤️❤️❤️❤️” ဆိုပြီး ချစ်ခင်ပွန်းရွှေထူးကိုချစ်တဲ့အကြောင်း ချစ်စဖွယ်လေး ပြောလာတာပဲ ဖြစ်ပါတယ်။

ရွှေမှုံရတီကတော့ သူမရဲ့ဘဝတစ်သက်တာလုံးအတွက် ရွေးချယ်ခဲ့တဲ့ ခင်ပွန်း ရွှေထူးနဲ့ သေတပန် သက်တဆုံး အတူတူရှိနေချင်ကြောင်း ပြောလာတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ရွှေထူးတို့ ဇနီးမောင်နှံရဲ့ အချစ်ကြီးပုံကိုကြည့်ပြီး အားကျနေကြမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့  ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။