ငွေထည့်သွင်းနိုင်တဲ့ AMOUNT ပြည့်တဲ့အထိ သိမ်ကျောင်းဆောင်အလှူလေးမှာ ဝိုင်းဝန်းလှူဒါန်းကြတဲ့ ပရိသတ်တွေကြောင့် ပီတိဖြစ်နေရတဲ့ ပိုင်တံခွန်

နိုင်ငံကျော်ရုံသာမကပဲ ကမ္ဘာပါကျော်တဲ့ မင်းသားချော ပိုင်တံခွန်ကတော့ ရုပ်ရည်ချောမောသလို စိတ်သဘောထားကောင်းမွန်ပြည့်စုံသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ စိတ်ထားကောင်းပြီး ကြင်နာတတ်တဲ့ ပိုင်တံခွန်ကတော့ အရွယ်ကောင်း အောင်မြင်နေတဲ့ လူငယ်တစ်ယောက်ဖြစ်ပေမယ့် အပျော်အပါးထက် အလုပ်ကိုသာ ကြိုးစားလုပ်ကိုင်နေသူဖြစ်ပြီး သူပိုင်ဆိုင်သမျှ ငွေကြေးတွေကိုလည်း မိဘတွေအတွက်နဲ့ အများအကျိုးကိုသာ ဆောင်ရွက်တတ်သူတစ်ယောက်ပဲ ဖြစ်ပါတယ်။

မနေ့က ဇန်နဝါရီလ (၁၇) ရက်နေ့မှာ ပိုင်တံခွန်က သူ ဆံချ၊ ရဟန်းခံခဲ့တဲ့ ဘုန်းကြီးကျောင်းလေးအတွက် ငွေသိန်း(၁၀၀) မတည်ပြီး သိမ်ကျောင်းတိုက်နဲ့တကွ ကျောင်းဆောင်တွေ လှူဒါန်းမယ့်အကြောင်း ပရိသတ်တွေကို အသိပေးလာခဲ့ပြီး ပရိသတ်တွေကိုလည်း အလှူမှာ ပါဝင်နိုင်ဖို့ နိဗ္ဗာန်ဆော်ပြုလုပ်လာတာပဲ ဖြစ်ပါတယ်။ ပိုင်တံခွန်ကိုချစ်ကြတဲ့ ပရိသတ်တွေကလည်း အလှူလေးမှာ ဝိုင်းဝန်းလှူဒါန်းပေးကြတာကြောင့် ပိုင်တံခွန်ဖွင့်လှစ်ထားတဲ့ K Pay အကောင့်မှာ (၂၄) နာရီအတွင်း ငွေထည့်သွင်းနိုင်တဲ့ Amount ပြည့်တဲ့အထိ ဖြစ်သွားခဲ့ကြောင်း ပိုင်တံခွန်က သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ပြောလာပါတယ်။

ပိုင်တံခွန်ကတော့ သူကိုယ်တိုင်လည်း ချို့တဲ့နေတဲ့ ကျောင်းဆောင်လေးအတွက် အလှူငွေ သိန်း (၁၀၀) ကို မတည်ခဲ့သလို သူ့ကိုချစ်တဲ့ ပရိသတ်တွေကလည်း အလှူလေးအတွက် ဝိုင်းဝန်းကူညီပေးတာ တကယ့်ကိုလေးစားစရာပါပဲ။ ပိုင်တံခွန် လှူဒါန်းမယ့် ကျောင်းဆောင်လေးလည်း အမြန်ဆုံး အထမြောက်ပြီး ဆောက်လုပ်နိုင်ပါစေနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။