အထက်ဖားအောက်ဖိဆိုတာကို ကိုယ်တိုင်ကြုံတွေ့မှသိရတော့တယ်ဆိုပြီး ခံစားချက်တွေဖွင့်ဟပြောပြလာတဲ့ ခေးဆက်သွင်

မင်းသမီးချောလေး ခေးဆက်သွင်ကတော့ ဇာတ်လမ်းတွဲတွေကတဆင့် အောင်မြင်ကျော်ကြားလာခဲ့သူလေးဖြစ်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ထင်ရှားလာခဲ့သူ ဖြစ်ပါတယ်။ ခေးဆက်သွင်ကတော့ ဇာတ်လမ်းတွဲတွေမှာ ကျရာကာရိုက်တာကို ပြောင်းလဲသရုပ်ဆောင်နိုင်သူတစ်ယောက်ဖြစ်ပေမယ့် သူမရဲ့ အပြင်ပုံစံလေးကတော့ စိတ်ရှင်းပြီး ပွင့်ပွင့်လင်းလင်းနေထိုင်တတ်သူတစ်ယောက် ဖြစ်ပါတယ်။ ခံစားချက်နဲ့ ပက်သတ်ပြီး ကွယ်ဝှက်ထားလေ့မရှိတဲ့ ခေးဆက်သွင်က ဒီတစ်ခေါက်မှာလည်း သူမရဲ့ အလုပ်နဲ့ ပက်သတ်ပြီး တွေ့ကြုံခဲ့ရတာတွေကို အခုလိုပဲ ပြောပြလာပါတယ်။

“ငါမရယ်ချင်ဘူးနော်။ အလုပ်မှာ ခံစားချက်တွေ သိပ်ဦးစားပေးလွန်းရင် စံရတစ်သက်၊ ခံရတစ်ဘဝလုံးပဲ။ ကိုယ်ကဘယ်ဘဝကတက်လာတာလဲ အရင်တွေး ဖြည်းဖြည်းစဉ်းစားပေါ့။ အထက်ဖားအောက်ဖိတွေဆိုတာနေရာတိုင်းမှာ တွေ့ရပေမယ့် ကိုယ်တွေ့ကြုံမှ သိရလေခြင်း.. အဆင့်အတန်းဆိုတာ စိတ်ဓါတ်နဲ့သတ်မှတ်တာမို့ ကိုယ်မယုံကြည်ရင် ဇီးရိုးပါပဲ။ အမျှဝေလိုက်တယ်။ ဘဝဆက်တိုင်း သာဓုခေါ်ခွင့်ကြုံပါစေကွယ်။ တစ်မိသားစုလုံး သူများမိသားစုလို ဒုက္ခမရောက် သက်မပျောက်ပါစေနဲ့။ ဒန်တန်တန်😂😂😂😂😂” ဆိုပြီး ပြောလာတာပဲ ဖြစ်ပါတယ်။

ခေးဆက်သွင်ကတော့ သူမရဲ့ ခံစားချက်နဲ့ ပက်သတ်ပြီး ပွင့်ပွင့်လင်းလင်း ပြောတာပဲ ဖြစ်ပါတယ်။ ခေးဆက်သွင်တစ်ယောက် တွေ့ကြုံနေရတဲ့ စိတ်ခံစားချက်တွေ အမြန်ဆုံး ပြေလည်ပြီး အလုပ်တွေကိုသာ အာရုံစိုက် ဆက်လုပ်နိုင်ပါစေနော်။ ဖတ်ရှုပေးကြတဲ့ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။