အာရှနိုင်ငံမှာတင်မကပဲ အနောက်နိုင်ငံတွေရဲ့ အာရုံစိုက်မှုကိုပါရရှိလာပြီး ပြင်သစ်နိုင်ငံက သတင်းစာမှာ ဖော်ပြခံခဲ့ရတဲ့ ပိုင်တံခွန်

မင်းသားချောပိုင်တံခွန်ကတော့ အနေအထိုင်အေးဆေးပြီး အရွယ်နဲ့မလိုက်အောင် တည်ငြိမ်သူတစ်ယောက်ဖြစ်တာကြောင့် ပရိသတ်တွေရဲ့ အားပေးမှုမေတ္တာတွေကို အပြည့်အဝ ပိုင်ဆိုင်ရရှိထားတာ ဖြစ်ပါတယ်။ ပိုင်တံခွန်ကတော့ ထိုင်းနိုင်ငံမှာ အောင်မြင်ပြီး ထိုင်းနိုင်ငံက ထိပ်တန်းမင်းသမီး Baifern နဲ့ ကြော်ငြာရိုက်ကူးနိုင်ခဲ့သလို ထိုင်းပရိသတ်တွေများစွာကိုလည်း ရရှိနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ လတ်တလောမှာလည်း ပိုင်တံခွန်က သူ့ရဲ့ ဘုန်းကြီးဝတ်ဓာတ်ပုံတစ်ပုံကြောင့် တရုတ်၊ စင်္ကာပူ၊ ဂျပန်၊ ကိုရီးယားစတဲ့ နိုင်ငံတွေမှာ လူစိတ်ဝင်စားမှုမြင့်တက်နေတာပဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့လပိုင်းအတွင်းကလည်း TC Candler ရဲ့ The Most Handsome Face Of 2020 မှာ ကမ္ဘာ့အချောမောဆုံး အမျိုးသားအဖြစ် နံပါတ် (၁၀) နေရာရရှိခဲ့တဲ့ ပိုင်တံခွန်က အာရှနိုင်ငံတွေမှာသာမက အနောက်နိုင်ငံတွေထိ ပေါက်ရောက်အောင်မြင်လာခဲ့ပြီ ဖြစ်ပါတယ်။ ဒီတစ်ခါမှာလည်း ပိုင်တံခွန်က ပြင်သစ်နိုင်ငံက Gnadoe Magazine မှာ သူ့ရဲ့ အနုပညာလှုပ်ရှားမှုအကြောင်း၊ သူ့ရဲ့ကိုယ်ရေးကိုယ်တာအကြောင်းတွေနဲ့ပက်သတ်ပြီး အကျယ်တဝင့်ဖော်ပြခံခဲ့ရတာကို တွေ့ရပါတယ်။

ပိုင်တံခွန်ကတော့ အာရှနိုင်ငံတွေသာမက အနောက်နိုင်ငံကြီးတွေရဲ့ အာရုံစိုက်ခြင်းကိုပါ ခံလာရပြီး တဖြည်းဖြည်းနဲ့ ကမ္ဘာပတ်သိမ်းတော့မှာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ပိုင်တံခွန်ရဲ့ သတင်းကောင်းတွေအတွက် ထပ်တူဝမ်းသာနေကြမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့  ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။