ခန္ဓာကိုယ်ကောက်ကြောင်းအလှနဲ့တင် ရူးခါသွားစေမယ့် ညီအစ်မနှစ်ယောက်ရဲ့ပုံတွေကိုချပြပြီး ဖြေရခက်မယ့်မေးခွန်းလေးတစ်ခုမေးလာတဲ့ အိချောပို

ခန္ဓာကိုယ်အချိုးအစား အလှအပမှာ တော်ရုံမင်းသမီးတွေ မယှဉ်နိုင်တဲ့ လုံးကြီးပေါက်လှကောက်ကြောင်းအလှနဲ့ နာမည်ကြီးတဲ့ မင်းသမီးချောလေး အိချောပိုကတော့ ခန္ဓာကိုယ်အချိုးအစားတင်မကပဲ မျက်နှာလေးကလည်း အပြစ်ပြောစရာလိုအောင် ပြီးပြည့်စုံစွာလှပသူလေးတစ်ယောက်ပဲ ဖြစ်ပါတယ်။ အိချောပိုကတော့ သရုပ်ဆောင်လည်းကောင်းမွန်သူဖြစ်ပြီး ကျရာဇာတ်ရုပ်တွေမှာလည်း သူမရဲ့အလှအပနဲ့ အောင်မြင်မှုအရှိန်အဟုန်တွေကိုမေ့ထားပြီး အကောင်းဆုံးသရုပ်ဆောင်တတ်သူတစ်ယောက် ဖြစ်ပါတယ်။ အဲ့ဒါကြောင့်လည်း အိချောပိုက ထိပ်တန်းနာမည်ကြီးမင်းသမီးအဖြစ် ရပ်တည်နေလျက်ရှိတာပဲ ဖြစ်ပါတယ်။

အိချောပိုရဲ့ညီမလေး အိသီရိချိုမောင်ကလည်း အိချောပိုလိုပဲ ချစ်စရာကောင်းပြီး တစ်မျိုးတစ်ဖုံလှသူလေးမို့ ပရိသတ်တွေရဲ့ အသည်းကျော်လေးတစ်ယောက်ဖြစ်လို့နေတာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာလည်း အိချောပိုက ခန္ဓာကိုယ်ကောက်ကြောင်းအလှနဲ့တင် ရူးခါသွားစေမယ့် သူမတို့ညီအစ်မနှစ်ယောက်ရဲ့ပုံတွေကိုချပြပြီး “အကြီးမလေးလား ? အငယ်မလေးလား ? 😝😝😝” ဆိုပြီး ပရိသတ်တွေ ဖြေရခက်မယ့် မေးခွန်းလေးကို မေးလာတာပဲ ဖြစ်ပါတယ်။

အိချောပိုတို့ညီအစ်မနှစ်ယောက်ကတော့ ဘယ်သူကပိုလှတယ် ဘယ်သူကပိုသာတယ်ဆိုတာမျိုး ဝေခွဲလို့မရနိုင်အောင် တစ်ယောက်တစ်မျိုးစီလှကြတာ ပရိသတ်ကြီး တွေ့ရမှာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့  ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။