နေပူကြီးထဲမှာ စိတ်ဓာတ်ခွန်အားအပြည့်နဲ့တစ်နေကုန်လှုပ်ရှားနေကြတဲ့ လူအုပ်ကြီးကို တတ်နိုင်သလောက်ဖေးမကူညီခဲ့တဲ့ ဦးကျော်သူ

အကယ်ဒမီကျော်သူကတော့ တစ်ခေတ်တစ်ခါကတည်းက အနုပညာအလုပ်တွေကို တစိုက်မက်မက်လုပ်ဆောင်ခဲ့တာဖြစ်ပြီး အခုချိန်မှာတော့ ပရဟိတအလုပ်တွေကိုသာစွမ်းဆောင်နေတာဖြစ်ပါတယ်။ဦးကျော်သူက နာရေးကူညီမှုအသင်း(ရန်ကုန်)ရဲ့ ဥက္ကဌဖြစ်ပြီး နာရေးလမ်းကြောင်းတွေကိုလည်း ကိုယ်တိုင်ပို့ဆောင်ပေးနေတာဖြစ်ပါတယ်။ဦးကျော်သူရဲ့စိတ်ဓာတ်ကို အနုပညာရှင်တချို့နဲ့ပရိသတ်​တွေကပါ လေးစားပြီး အမြဲချစ်နေကြတာဖြစ်ပါတယ်နော်။ဦးကျော်သူကတော့ အသက်အရွယ်တစ်ခုကိုရောက်ရှိလာပေမယ့် သွက်လက်ဖျက်လက်ပြီး သန်မာနေဆဲပဲဖြစ်ပါတယ်။

ဦးကျော်သူက လတ်တလောဖြစ်ပေါ်နေတဲ့အခြေအနေမှာဆိုရင်လည်း ပြည်သူတွေဘက်ကနေ ခိုင်ခိုင်မာမာရပ်တည်ပြီး ကိုယ်စွမ်းရှိသလောက် ကူညီပေးနေတာဖြစ်ပါတယ်နော်။ဦးကျော်သူကလည်း အနာဂတ်လူငယ်တွေအတွက် တစ်ဖက်တစ်လမ်းကနေ အားကြိုးမာန်တက် ပါဝင်လှုပ်ရှားနေတာဖြစ်ပါတယ်။ဦးကျော်သူကတော့ပရဟိတအလုပ်တွေကိုလည်း မပျက်မကွက်လုပ်ဆောင်သလို လမ်းမပေါ်ထွက်ပြီးတော့လည်း ပြည်သူလူထုကိုဖေးမကူညီပေးနေတာဖြစ်ပါတယ်နော်။

အခုဆိုရင်တော့ ဦးကျော်သူက”ပြည်သူနဲ့ ထပ်တူ နံနက်ပိုင်း နာကူလမ်းကြောင်းနှစ်ကြောင်း ကုသိုလ်ယူဖေးမအပြီး နေ့လည်ပိုင်း ပင်လုံရင်ပြင်မှာ ဓါတ်ဆားထုတ်များ၊ သောက်ရေသန့်များ၊ရှူဆေးကဒ်များအား ပြည်သူလူထုအတွက်၊ကျောင်းသား/သူ လူငယ် ခေါင်းဆောင်များအတွက် သွားရောက် လှူဒါန်း ဂါရဝပြုခဲ့ပါသည်။”ဆိုပြီးရေးသားမျှဝေလာတာဖြစ်ပါတယ်။ဦးကျော်သူကတော့ ပြည်သူတွေကို စိတ်ဓာတ်ခွန်အားပြည့်သွားအောင်လို့ လူအုပ်ကြားထဲကို အရောက်သွားပြီး တစ်စိတ်တစ်ပိုင်းကူညီခဲ့တာဖြစ်ပါတယ်နော်။