ပြည်သူတွေနေပူဒဏ်ခံနိုင်အောင်လို့ Safety Helmetတွေ ဝေပေးခဲ့တဲ့အပြင် စားစရာအချို့ကိုလည်းလှူဒါန်းခဲ့သေးတဲ့ စမိုင်းလ်တို့ဇနီးမောင်နှံ

အလှူအတန်းဆိုအရမ်းရက်ရောပြီး တတ်နိုင်သလောက်ပေးကမ်းနေတဲ့ စမိုင်းလ်တို့မိသားစုကတော့ လူအများအပြားရဲ့ချစ်ခင်လေးစားမှုတွေကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်နော်။စမိုင်းလ်က အနုပညာအလုပ်တွေကိုလည်းအနည်းအကျဉ်းလုပ်ဆောင်နေပြီး ပရိသတ်တွေနဲ့လည်းတရင်းတနှီးဆက်ဆံတတ်တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။စမိုင်းလ်က အများအကျိုးကိုသယ်ပိုးဆောင်ရွက်နေတာဖြစ်လို့ သူမရဲ့ဘဝလေးကလည်း သာယာအေးချမ်းနေတာပဲဖြစ်ပါတယ်နော်။

စမိုင်းလ်ရဲ့ခင်ပွန်းကလည်း သူမကိုအမြဲစိတ်ချမ်းသာအောင်ထားပေးပြီး ဖြစ်ချင်တာမှန်သမျှကိုဖြည့်ဆည်းပေးတာဖြစ်ပါတယ်နော်။စမိုင်းလ်တို့ဇနီးမောင်နှံနှစ်ယောက်က ရှေ့သွားနောက်လိုက် အရမ်းညီပြီး အားကျဖို့ကောင်းတဲ့စုံတွဲလေးဖြစ်ပါတယ်။လတ်တလောအခြေအနေမှာဆိုရင်လည်း စမိုင်းလ်တို့ဇနီးမောင်နှံက စိတ်တူကိုယ်တူနဲ့ ပါဝင်လှုပ်ရှားနေကြတာဖြစ်ပါတယ်။အရင်ကတည်းက အလှူရေစက်လက်နဲ့မကွာသူဖြစ်လို့ အခုဆိုရင်လည်း နေ့တိုင်းလိုလိုပြည်သူတွေအတွက် လှူဒါန်းနေတာဖြစ်ပါတယ်နော်။

မနေ့ကဆိုရင်လည်း စမိုင်းလ်တို့ဇနီးမောင်နှံက Safety Helmet တွေနဲ့ စားစရာအချို့ကို ကားကြီးအပြည့်သယ်လာပြီး ပြည်သူတွေကိုဝေပေးခဲ့တာဖြစ်ပါတယ်။စမိုင်းလ်တို့ကတော့ ပြည်သူလူထုဘက်ကနေ တစ်သားတည်းရပ်တည်ပေးကြပြီး လိုအပ်တာတွေကို ကူညီပေးနေတာဖြစ်ပါတယ်။စမိုင်းလ်တို့ဇနီးမောင်နှံကတော့ လူတန်းစားခွဲခြားခြင်းမရှိဘဲ လမ်းပေါ်မှာတွေ့သမျှလူတိုင်းကို Safety Helmetတွေဝေပေးခဲ့ပြီး အားပြည့်အောင်လို့လည်း Milo ဘူးတွေကိုလှူဒါန်းခဲ့တာကြောင့် သူမတို့ရဲ့ပုံရိပ်တွေကို ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။