မနေ့က ပြုလုပ်ခဲ့တဲ့ ၂၂၂၂၂ ပြည်လုံးကျွတ် လူထုလှုပ်ရှားပွဲကြီးမှာ တစ်ထောင့်တစ်နေရာကနေ ပါဝင်ရပ်တည်ခဲ့တဲ့ အဆိုတော် X-Box

ချစ်ရတဲ့ ပရိသတ်ကြီးရေ Rapအဆိုတော် X-Boxကတော့ စာသားအလန်းလေးတွေကို တီထွင်ရေးသားလေ့ရှိသူဖြစ်ပြီး တစ်ကိုယ်တော်အယ်ဘမ်လ်တွေလည်း ထွက်ရှိထားတာဖြစ်လို့ အနုပညာလမ်းကြောင်းထက်မှာ အောင်မြင်မှုတွေ တစ်ခဲနက်ရရှိထားတာဖြစ်ပါတယ်။ လက်ရှိ Covid ကာလမှာလည်း အဆိုတော် X-Boxက သီချင်းအသစ်လေးတွေကို ဖန်တီးနေတာဖြစ်ပြီး ပရိသတ်တွေကြား ရေပန်းစား လူကြိုက်များတာကို တွေ့ရပါတယ်။

ဒါ့အပြင် စမတ်ကျတဲ့ ဖက်ရှင်နဲ့ ချောမောတဲ့ သူရဲ့ ရုပ်ရည်ကြောင့်လည်း ဆယ်ကျော်သက် နှုတ်ခမ်းနီမလေးတွေ ဝန်းရံကြတာဖြစ်ပြီး အနုပညာရှင်တွေကလည်း ခင်မင်ရင်းနှီးကြပါတယ်နော်။

လူငယ်ပီပီ သွက်လက်တဲ့ X-Boxက အခမ်းအနားပွဲတွေမှာ ပါဝင်လေ့ရှိတာဖြစ်ပြီး ယခုလို မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေမှာလည်း တစ်ထောင့်တစ်နေရာကနေ ပါဝင်နေခဲ့တာဖြစ်ပါတယ်။

ဒါကတော့ ရန်ကုန်မြို့က လူထုလှုပ်ရှားမှုပြုလုပ်နေတဲ့ ပြည်သူတွေနဲ့အတူ ရပ်တည်ဝန်းရံခဲ့တာဖြစ်ပြီး မနေ့က ၂၂၂၂၂ ပြည်လုံးကျွတ်လှုပ်ရှားပွဲကြီးကိုလည်း သွားရောက်ခဲ့တာပါ။ သွားရောက်ဝန်းရံခဲ့တဲ့ ပုံလေးတွေကို သူရဲ့ လူမှုကွန်ယက် ဖေ့ဘွတ်အကောင့်မှာ တင်ပေးလာရင်း “Everyone knows that today the people of the whole country have won 🏆 “ ဆိုတဲ့ စာသားလေးကိုလည်း ရေးသားထားတာဖြစ်လို့ ချစ်ပရိသတ်တွေ ကြည့်ရှု့စေဖို့အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်။