ပြည်သူတွေအတွက်လိုအပ်နေတာလေးတွေကို အသေးအဖွဲ့လေးတွေကအစ အဖက်ဖက်ကနေလိုက်လံလှူဒါန်းနေတဲ့ စူးရှထက်

ပရိသတ်ကြီးရေ.. မော်လ်ဒယ်သရုပ်ဆောင်စူးရှထက်ကတော့ ယောက်ျားလေးပရိသတ်တွေအများဆုံးရရှိထားတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်သလို ပွင့်လင်းတဲ့ဟန်ပန်ပုံရိပ်လေးတွေကြောင့် မိန်းကလေးပရိသတ်တွေကပါ ချစ်ခင်အားပေးကြသူလေးပါ..။

စူးရှထက်ကတော့ လက်ရှိအခြေအနေတွေမှာ တတ်နိုင်တဲ့အင်အားတွေနဲ့ တစ်တပ်တစ်အားပါဝင်အားဖြည့်နေပြီး ပြည်သူတွေနဲ့အတူရပ်တည်ကာ တော်လှန်ရေးတိုက်ပွဲကြီးမှာ ကိုယ်တိုင်ပါဝင်လုပ်ဆောင်နေတာ တွေ့ရပါတယ်..။

အများပြည်သူတွေနဲ့အတူ လမ်းပေါ်ထွက်လူထုလှုပ်ရှားမှုတွေလုပ်နေတဲ့ သူမကတော့ အစားအသောက်တွေလည်း ကိုယ်တိုင်အပင်ပန်းခံချက်ပြုတ်ပြင်ဆင်လှူဒါန်းသလို အလှူငွေတွေနဲ့ လိုအပ်တာလေးတွေကိုလည်း အားဖြည့်လှူဒါန်းနေသူလေးပဲ ဖြစ်ပါတယ်..။

ပြည်သူတွေအတွက်လိုအပ်နေတာလေးတွေကို အသေးအဖွဲ့လေးတွေကအစ အဖက်ဖက်ကနေလိုက်လံလှူဒါန်းနေတဲ့ စူးရှထက်ကတော့ ဒီကနေ့လေးမှာလည်း အဝတ်အထည်အင်္ကျီလေးတွေ ပေးဝေလှူဒါန်းနေတာ တွေ့ရပါတယ်..။

“အင်္ကျီလေးတွေလှူ🙏🙏🙏..” ဆိုပြီး အလှူပုံလေးတွေကို စူးရှထက်က ပရိသတ်တွေကို ပြန်လည်မျှဝေထားတာဖြစ်ပြီး လိုအပ်တဲ့နေရာလေးတွေမှာ အသေးအဖွဲ့လေးတွေကအစ ကိုယ်တိုင်ကိုယ်ကျလိုက်လှူနေတာပဲ ဖြစ်ပါတယ်..။

အဖက်ဖက်ကနေ အစစအရာရာကိုယ်တိုင်လိုက်လှူနေပြီး ပြည်သူတွေနဲ့အတူ တစ်တပ်တစ်အားပါဝင်အားဖြည့်နေတဲ့ စူးရှထက်ရဲ့ စိတ်ထားလေးနဲ့ လုပ်ဆောင်ချက်လေးတွေကို အားလုံးက သဘောကျနေကြတာလည်း တွေ့ရပါတယ်..။