အလှူငွေတွေကိုမတရားလိမ်စားသူတွေနဲ့ပတ်သက်ပြီး လိပ်ပြာလုံစေဖို့ပြောလိုက်တဲ့ အိန်ဂျယ်လမုန်

ပရိသတ်ကြီးရေ.. မော်လ်ဒယ်သရုပ်ဆောင်မင်းသမီးချော အိန်ဂျယ်လမုန်ကတော့ အနုပညာလောကမှာ ယောက်ျားလေးပရိသတ်တွေအပြင် မိန်းကလေးပရိသတ်တွေကပါ ချစ်ခင်အားပေးနေကြတဲ့ အနုပညာရှင်တစ်ဦးပါပဲ..။

အောင်မြင်တဲ့အနုပညာရှင်အဖြစ် ရပ်တည်နေတဲ့သူမကတော့ လက်ရှိအခြေအနေတွေမှာလည်း သူမအနေနဲ့ လူထုလှုပ်ရှားမှုတွေ တတ်နိုင်သလောက်ပြုလုပ်ကာ ပြည်သူတွေနဲ့အတူ တစ်သားတည်းရပ်တည်နေတာ တွေ့ရပါတယ်..။


ကိုယ်တိုင်လမ်းပေါ်ထွက်ကာ လှုပ်ရှားမှုတွေမှာ အင်တိုက်အားတိုက်ပါဝင်နေတဲ့အပြင် လှူဒါန်းမှုတွေမှာလည်း လက်မနှေးဘဲ အလှူလေးတွေပြုလုပ်နေတဲ့ အိန်ဂျယ်လမုန်ကတော့ အလှူငွေတွေကို လိမ်စားနေကြသူတွေနဲ့ပတ်သက်ပြီး ပြောပြလာပါတယ်..။

သူမကိုယ်တိုင်လည်း အလိမ်ခံရဖူးတဲ့အကြောင်းလေးကို ပြန်လည်ပြောပြရင်း သူများချွေးနည်းစာအလှူငွေတွေကို မတရားလိမ်စားနေကြတဲ့သူတွေနဲ့ပတ်သက်ပြီး လိပ်ပြာလုံစေဖို့ကို ထိထိမိမိလေး ပြောပြထားတာပါ..။


“အလှူငွေတွေမတရားလိမ်စားပြီး လိပ်ပြာလုံရဲ့လား❗️❗️

တဆင့်ခံလှူပေးတဲ့သူတွေအရမ်းများလာပီး အလှူငွေတွေကို အမျိုးမျိုးလိမ်နေကြတာ ဘာလို့ပါလဲ??

ဒီငွေတွေကို ခုလိုလိမ်ပြီးသုံးနိုင်ကြသေးတာအံ့ဩမိပါတယ်…

ကိုယ်လည်း အရင်က၂ခါလောက်ခံခဲ့ရဖူးတယ် ကိုယ့်ချွေးနဲစာလေ ဝမ်းနည်းလွန်းလို့ ငိုတောင်ငိုခဲ့ဖူးတယ်..ပီးတော့ ကိုယ့်ဘက်ကခွင့်လွှတ်ပီးထားလိုက်ပါဆိုပီး နေခဲ့ပေမယ့် ကံကြမ္မာက မနေပါဘူး🙏🏻

ပြောချင်တာက ခုလိုလူတိုင်းခက်ခဲပြီး မသေရုံတမယ် အားတင်း ရုန်းကန်နေတဲ့အချိန်မှာ ပိုလို့တောင်မလုပ်သင့်ပါဘူး.

ဘာသာတိုင်းက ခုလိုပဲသင်ပြ/ပြောပြထားပါတယ်

လူတွေငိုယိုပြီးမှ ရတဲ့အပူစာကိုစားနိုင်တယ်ဆိုရင်တော့ ဆက်ပြီးစားပါ မပြောလိုပါဘူး 🙂

ဘုရားတရားဆိုတာ ဘန်းပြလုပ်ပီး လူချင်ခင်မှုကိုရနိုင်ပေမယ့် အတွင်းထဲက စိတ်နှလုံးကို ဘုရားကသိမြင်ပါတယ် ..

လိပ်ပြာလုံကြပါစေ 🙏🏻

အလှူရှင်တွေအပေါ် ဒီထက်မက သာ၍တိုးပွါးသော အောင်မြင်မှုတွေရကြပါစေ လှူရင်းနဲ့တိုးပွါးသော ပစ္စည်းဥစ္စာဆထက်တပိုးရှိပါစေ ♥️🙏🏻

တဆင့်ခံလှူပေးတဲ့ လူငယ် ပရဟိတကလေးတွေ Volunteers အပေါ် တောက်ပတဲ့အနာဂတ်တွေနဲ့ ရှေ့ဆက်မယ့်လမ်းမှာ ဘုရားသခင်သာ၍ကောင်းချီးပေးပါစေ♥️🙏🏻..” ဆိုပြီး အိန်ဂျယ်လမုန်က ရေးသားပြောပြထားတာပါ..။