သူခိုးတွေရဲ့ ခိုးမယ့်စာရင်းထဲမှာတောင် မပါဝင်လာတော့တဲ့ ဟွာဝေး

အမေရိကန်ပြည်ထောင်စု ဖလော်ရီဒ်ပြည်နယ်မှာရှိတဲ့ T-Mobile စီးပွားရေးလုပ်ငန်းစုပိုင် ဖုန်းအရောင်းဆိုင်ကို သူခိုးနှစ်ယောက် ၀င်ရောက်ခဲ့ရာမှာ တခြားပစ္စည်းအားလုံးကို ခိုးယူသွားခဲ့ပေမယ့် ဟွားဝေမိုဘိုင်းဖုန်း အားလုံးကိုတော့ ချန်ထားရစ်ခဲ့တယ်လို့ အမေရိကန်သတင်းဝက်ဘ်ဆိုက်တွေက ရေးသားဖော်ပြထားပါတယ်။

သူခိုးနှစ်ယောက် ခိုးယူသွားခဲ့တဲ့ပစ္စည်းတွေရဲ့တန်ကြေးပမာဏဟာ အမေရိကန်ဒေါ်လာသုံးသောင်းဖိုးလောက်ရှိပြီး လက်ရှိမှာ ရဲတပ်ဖွဲ့က ပြစ်မှုကျူးလွန်သူတွေကို ဖမ်းဆီးဖို့အတွက် အပူတပြင်း လိုက်လံစုံစမ်းနေပါတယ်။ဒီဖုန်းအရောင်းဆိုင်ရဲ့မန်နေဂျာဖြစ်သူ ဂျွန်စမစ်ကလည်း သူ့အနေနဲ့ သူခိုးတွေရဲ့လုပ်ရပ်ကို အရမ်းပဲ အံ့အားသင့်ရတယ်လို့ ထုတ်ဖော်ပြောကြားထားပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့အစိုးရအဖွဲ့နေပြီး ဟွားဝေကုမ္ပဏီထုတ် နည်းပညာပစ္စည်းတွေကို ကန့်သတ်ပိတ်ပင်လိုက်အပြီးမှာ အမေရိကန်ဈေးကွက်ထဲ ဟွားဝေနည်းပညာပစ္စည်းအားလုံး အရောင်းအ၀ယ် ရပ်သွားခဲ့ပြီဖြစ်ပါတယ်။စင်ကာပူမှာဆိုရင်လည်း တစ်ပတ်ရစ်ပစ္စည်းဈေးကွက်မှာ ဟွားဝေနည်းပညာပစ္စည်းတွေကို ဈေးမဖွင့်ဘဲ ထားရှိတာ သီတင်းပတ် နှစ်ပတ်ကျော်လွန်လာခဲ့ပြီဖြစ်ပါတယ်။

Credit-The Voice