ကွယ်လွန်သူ ပညာရှင် ဆရာမ ET အားရည်စူး၍ အလှူဒါနပြုလုပ်ပေးခဲ့ကြတဲ့ ကျန်ရစ်သူမိသားစုများ

ဆရာမကြီး ET ဟာဆိုရင် ဗေဒင်ပညာနဲ့ပတ်သက်လာရင် အလွန်ပင်လေးစားအံ့သြစရာကောင်းတဲ့ ပညာရှင်တစ်ဦးဖြစ်ပါတယ်။လက်ဖျားခါလောက်ရတဲ့အထိ ပြည်သူများရဲ့ ယုံကြည်မှုရရှိခဲ့သူတစ်ဦး ဖြစ်ပါတယ်။

သူမဟာ သရုပ်ဆောင်မင်းသား စည်ဖြိုးရဲ့ အဒေါ်တော်သူဖြစ်ပါတယ်။သူမ မကွယ်လွန်ခင်က စည်ဖြိုးနဲ့ အမြဲ ရင်းနှီးအကျွမ်းတဝင်ရှိခဲ့သူလည်းဖြစ်ပါတယ်။သူမဟာ လွန်ခဲ့တဲ့ (၄)နှစ်ခန့်က ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။

ယမန့်နေ့ အောက်တိုဘာ(၁၀)ရက် နေ့က သူမ ကွယ်လွန်ခြင်း (၄)နှစ်နဲ့ (၁)လပြည့် တဲ့နေ့ဖြစ်ပါတယ်။ဒါကြောင့် ကျန်ရစ်သူမိသားစုတွေက သူမအတွက်ရည်စူးကာ ဆိုက္ကားဆရာအယောက်ပေါင်း (၃၀၀)ကျော်အား ဆန်(၆)ပြည်၊ဆီ(၁)ပိဿာနှင့် စုစုပေါင်း အလှူငွေ သိန်း(၈၀)ဖိုး လှူဒါန်းခဲ့တာဖြစ်ပါတယ်။ပရိတ်သတ်ကြီးအနေနဲ့လည်း ဤအလှူဒါနကို ကုသိုလ်ယူပြီးသာဓုခေါ်နိုင်စေရန် တင်ပြလိုက်ရပါတယ်။