လိုအပ်နေတဲ့ Sleeping Bag များလှူဒါန်းပေးတဲ့ အလှူရှင်ကို ဝမ်းပန်းတသာ ကျေးဇူးတင်စကားဆိုလာတဲ့ ဒါရိုက်တာ သည်ခေတ်နေ

သည်ခေတ်နေ ဆိုရင် လူငယ်များအကြား ထူးခြားတဲ့ ရိုက်ကူးချက် များကြောင့် ရေပန်းစား ကျော်ကြားနေတဲ့ ဒါရိုက်တာ တစ်ယောက်လို့ အားလုံးက သိကြပါတယ်။သူဟာ ရုပ်ရှင်ရိုက်ကူးရုံသာမက အခြားသောအနုပညာလှုပ်ရှားမှုဖြစ်တဲ့ စာရေးဆရာအလုပ်ကိုပါလုပ်ကိုင်နေတာဖြစ်ပါတယ်။

လက်ရှိမှာ သူဟာ နိုင်ငံရေးလှုပ်ရှားမှုများတွင်ပါဝင်လုပ်ဆောင်ခဲ့တာကြောင့် ၅၀၅(ခ) နဲ့ ဝရမ်းထုတ်ခံထားရတာဖြစ်ပါတယ်။သူဟာ အခုချိန်မှာ ပရိတ်သတ်များနှင့်အဝေးတစ်နေရာကို ရောက်ရှိနေတာဖြစ်ပါတယ်။

ယနေ့ အောက်တိုဘာ(၁၁)ရက်နေ့မှာလည်း သူလက်ရှိရောက်ရှိနေတဲ့နေရာဒေသမှာ လိုအပ်နေတဲ့Sleeping Bag တွေကို လှူဒါန်းပေးခဲ့တဲ့အလှူရှင်အားကျေးဇူးတင်ကြောင်းဖော်ပြလာခဲ့ပါတယ်။အလှူပစ္စည်းများကို ဒါရိုက်တာကိုပေါက်ကိုယ်တိုင်လိုက်လံပေးအပ်ခဲ့ပါတယ်လို့လည်းသူကဖော်ပြထားပါသေးတယ်။အားလုံးဘေးရန်ကင်းကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။